31 July, 2015
ချစ်သူသို့ ၂
ကံကြမ္မာက
အနက်ရောင် လေးကိုင်းကြီးလွယ်ပြီး
ဆိုင်ထဲဝင်လာတယ်
အခြားမှာ စားပွဲလွတ်တွေရှိရက်နဲ့
ငါတို့စားပွဲမှာ လာထိုင်ပြီး
‘အိပ်မက်အသေတစ်ပွဲ’…လို့လှမ်းမှာတယ်
နတ်ဆိုးအဝါတွေ
ပျံသန်းခုတ်မောင်းလာသံကိုလည်း ကြားရရဲ့
ရင်ခွင်မှာ မီးတောက်တန်းလန်းနဲ့
မိုးတွေချုန်းအောင် သူတို့လွမ်းပြပလေ့စေ…
မျက်တောင်ကလေးရေ…
မြေပြင်မှာ ကိုယ်နဲ့နေရစ်ခဲ့၊ မလိုက်နဲ့
မြင်းသည်တော်တွေနဲ့…
ကျော်မတက်နိုင်တဲ့အရပ်ကို…
ငါတို့ပြေးထွက်ကြမယ်…
သစ်သီးခွံ သောက်ရေဘူးတစ်လုံးနဲ့…
ကောင်းကင်ဓါးသွား အဆုံးအထိနဲ့
ငါတို့စီးနှင်လိုက်ကြတာပေါ့။
တာရာမင်းဝေ
Labels:
29 July, 2015
နောက်ထပ် 'ပုံပြောသူ'
အံ့သြလောက်အောင် အမုန်းတွေ
အမုန်းတွေ အများကြီး များလွန်းလို့
[တစ်ခါ တစ်ခါ လူဟာ အဲဒီအမုန်းတွေနဲ့
မွန်းပြီး အသက်ရှူမ၀]
အဲဒီ အမုန်းတွေကို
အချစ်တွေလို့ ပြောင်းကြည့်လိုက်တဲ့ တစ်ရက်မှာ
ကျွန်တော် ပျော်မိပါတယ် ။
အောင်ချိမ့်
Labels:
ဘယ်မလဲ
သခင်အောင်ဆန်း ဘယ်မလဲ
(ဦး) ညိုမြ ဘယ်မလဲ
(ဦး) ဌေးမြိုင် ဘယ်မလဲ
(ဦး) ဇော်မြင့် ဘယ်မလဲ
ကိုဝင်းအောင် ဘယ်မလဲ
ကိုနေဦး ဘယ်မလဲ
ဘယ်မလဲတွေ ဘယ်မလဲ
သုခမိန်လှိုင်
Labels:
လူများ ၊ သက္ကရာဇ်များ ပြီးတော့ ( မပြောဖြစ်တဲ့ ) အပျက်အဖြစ်များ
ဖော်ဝေးကြောင့်
ဘောင်းဘီဝတ်မိုးတိမ်နဲ့ ဂန္ထ၀င်မမ
ဆွေမျိုးတော်ကြောင်း
အောင်ချိမ့်ပြောရင် ပိုကောင်းမယ်
နေစရာမရှိတဲ့ ရန်ကုန်မြို့မှာ
ဖော်ဝေး အရိုးအိုးကို ထားပစ်ခဲ့တယ်
ငါ ကိုယ်တိုင် ပြောပြခဲ့ပါတယ်
သုခမိန်လှိုင်
10ct 2013
Labels:
များသွားပြီ
မင်းလည်း တစ်လုံး နှစ်လုံး များသွားပြီ
သူလည်း တစ်ပြား နှစ်ပြား များသွားပြီ
ငါလည်း
ငါလည်း
ဘာတွေ များမှန်းမသိအောင်
များသွားပြီ
သုခမိန်လှိုင်
Labels:
အခန်း
ငါ့ယာခင်းပေါ်က ကမ္ဘာတစ်ခုစီးဆင်းခဲ့
မနေ့က ငါ့အသက်ဟာ ဆက်ထုံးတွေများခဲ့ပြီ
ကက်ကိုဘိန်းဖြစ်ဖြစ်
ဟဲမင်းဝေးဖြစ်ဖြစ်
အစိမ်းလန်းဆုံးတောက်ပပြီး
အစိမ်းလန်းဆုံးထုတ်ချင်းပေါက်ခဲ့ကြတာ မဟုတ်လား
စနစ်တကျကြွေပြဖို့
ငါက ကမ်းပါးအိုကြီးဆီ ရွေ့နေချိန်
ကမ်းပါးအိုကြီးကို တစ္ဆေဖဲ့စားနေရဲ့
လောကဓံထဲမှာ
အသွားနှစ်ဖက်ဓားတွေ နံကြားဝင်တာလောက်တော့
ပျင်းစရာ
ငါမဟုတ်တဲ့ အခန်းမှာ ငါကိုယ်တိုင် ကပြနေရင်းနဲ့ . . . . ။
မောင်ဆေးရိုး
စတိုင်သစ်၊ ဇွန်၊ ၂၀၀၄
Labels:
မန္တရားများ
ကြိုးတွေကို တီးခတ်လိုက်တော့
စိတ်တွေက ငါ့အခန်းထဲ စီးဆင်းသွားကြတယ်
အနုပညာဓါတ်ကြွမှု့တွေနဲ့
သွေးနဲ့သားနဲ့ ယာခင်းကလေးကို ဘယ်ဝိုင်ယာနဲ့ ချိတ်တွယ်မလဲ
အရုပ်ဟောင်းနဲ့ မကစားချင်တော့ဘူးတဲ့
သေတ္တာထဲက ခုန်ထွက်လာတဲ့ ကြယ်တာရာတွေက
စံပယ်ဖြူဖြူများ
မီးအသစ်များ
ငါကောင်းရင် ငါ့ကိုပြန်ကောင်းကြလိမ့်မယ်ဝါဒ
မရွာပဲညို့ရုံညို့ပြနေတဲ့ အဲဒီကောင်မလေး
ညနေခင်းပြဇာတ်ကို လူတွေ မြင်ယောင်ခဲ့ကြသလို
ငါ့စိတ်ကူးယဉ်မှုကို ငါ မြင်နေရ
ကိုယ့်ကိုယ်ကို မသေချင်သေးအောင် ပွင့်ပြနေရတယ် ။
မောင်ဆေးရိုး
စတိုင်သစ်၊ ဇန်န၀ါရီ ၊ ၂၀၀၂
Labels:
ပျော်ရွှင်ဖွယ်နာရေး
ငိုမယ့်လူဆိုလို့
ဒေါသထွက်နေတဲ့ လူအုပ်ကြီးပဲရှိတယ်
ဦးထုပ်ထဲက
ယုန်ကို ဆွဲထုတ်ပြသလိုပဲ
သူ့ ဦးခေါင်းကို လှပ်ကြည့်ရင်
ဖဲထုပ် အံစာနဲ့ မက်ဂျစ်ဘောက်
ဒါပဲရှိတယ်
မသေသင့်သေးဘူး
မသေခင်ရူးရဦးမှာ
ရူးပြီးတော့ နူ
နူရင်းနဲ့ ချေးအလူးလူး သေးအလူးလူး
နေသင့်သေးတာတဲ့
လူတွေ အဲ့သလို
သူ့ကို ချစ်ပုံ
သွေးတိုးရှိရင်
ဒံပေါက်မစားနဲ့လေ
ဦးနှောက်သွေးကြောပေါက်တယ်ဆိုမှ
ဦးနှောက်ပါမှန်း သိရတော့တယ်
လှို့ဝှက်သူကြီး။
ခက်သီ
Labels:
ပုဂံ
အေ​ဟာ​င်း
ေ​တာ​င်​လိုြ​ပိုေ​တာ့​မယ့် ​မိုး​လို
တ​စ်​ခါ​က ​တ​စ်​ဘ၀များ
​အဲ​ဒါ​ေ​တြ ​အား​လံုး​ထား​ခဲ့​ေ​တာ့
နံ​ရံ​မှ ​နံ​ရံ​သို့ ​စ​ကားေ​တွြေ​ပာ​လို့
အ​ရိ​ပ်​က ​အ​ရိ​ပ်ေ​ပါ် ​ထီး​မိုး​လို့
သ​မို​င်း​ေ​ပး​ေ​သာ​ဆု​မွာ
ြ​ပ​တ​င်းေ​တွ​ကို ​တ​စ်ေ​န​ကု​န် ​ဖွင့်ြ​ကည့်​မှာ​ပဲ
နားေ​တွ​ကို ​အ​သံ​ကု​န် ​စွင့်​ထား​လို​က်​မှာ​ပဲ။
ငါ​က ​တ​စ်​ပါး​သူ ​အ​ေ​ရျ​ပား​အ​တြက်
တ​ခါ​က ​သ​န​ပ်​ခါး​ပ​င်​လေးြ​ဖ​စ်​တ​ယ်။ ။
ဝ​င်ြး​မင့်
Labels:
မနက်ဖြန်
အဝေးပြေးကြယ်တာရာကို
ငါ ရပ်ငေးခဲ့
နေ့စေ့ လစေ့
ငါ့ လောင်မြိုက်မှုတွေ
သူကောင့်သားတို့က
လှောင်ပြောင်ရယ်ပွဲဖွဲ့ကြ
တဖိတ်ဖိတ်တလက်လက်
အနာဖေးတက်နေတဲ့
မေတ္တာတရားတွေ
စကြာဝဠာထဲ လှည့်ပတ်ကြ
ဥဒဟိုမောင်းနှင်တဲ့
ငါ့စိတ်အလျဉ်
ဘယ်သူမှ ဆယ်မယူပါဘူး
အသံတိတ်ပေါက်ကွဲမှု့ အသီးအပွင့်
သိကြတဲ့ အတိုင်း
ငါ့ဦးခေါင်းကို ငါဖွင့်
ဘယ်သူတွေ အဆင်သင့်ဖြစ်နေမလဲ
အောင်ဘညို
ဟန်သစ် ။ ဂျွန် ။ ၁၉၉၇
Labels:
ဖြူး
ပဋိသန္ဓေတားဆေးစားပြီး
ဝဖီးသူ မိန်းမလို
အဝေးပြေးကားကြီးတွေ
ချစ်မှုတစ်ခုခုစီ စုန်စုန်သွားကြ
ကုန်စည်အသစ်အသစ်တွေဆီ
ဆန်ဆန်သွားကြ
ထွေးပွေ့လိုက်စမ်းပါ……
ထွေးပွေ့လိုက်စမ်းပါ……ဆိုဆိုပြီး
ရထား……
ဝင်ချလာ
မြို့တွေကို ဖြူးချလိုက်ပါပေါ့
ဖြူး ။
မောင်ချောနွယ်
Labels:
အပြာရောင်မိုးသားများ
မြစ်တွေမှာ
မျိုသိပ်ထားတဲ့ အလွမ်းတွေ ရှိသလို
ကြယ်တွေမှာ
ထိမ်ချန်ထားတဲ့ အနမ်းတွေ ရှိတယ်
( နှုတ်ခမ်းတွေကို
နေ၀င်ရင် မီးငြိမ်းစရာ မလို )
အဲဒီ
ပိန်းပိတ်အောင် မှောင်တဲ့ အလင်းထဲ
မှောင်ချင်တိုင်း မှောင်ပစေရော့ . . . . ။
ကိုယ့်ကိုကိုယ် ဖုန်းဆက်ကြည့်တော့
စာလုံးပေါင်း မမှားဘူး
အသံထွက် မလွဲဘူး
တကယ်တမ်း စွတ်စိုဖို့ဆို
တစ်ချက်ကလေး ညှို့လိုက်ဖို့ပဲ ။
အိုအောင်
Labels:
နတ်စိမ်း (၁၁)
ရေမွှေးပုလင်းခွံက
မနေ့ကနဲ့ တူတယ်
ဒုတိယကမ္ဘာစစ်ဆိုတာ ရှိခဲ့လို့
ငါတို့ ကမ္ဘာကို ငါတို့ ပိုချစ်ရကောင်းမှန်းသိတာ
တစ်ယောက်နဲ့လည်း တစ်ယောက် ရန်ဖြစ်တာလည်း
မှန်တယ် ။
စိတ်အားငယ်ရင်
နာရီကို တက်နင်းပစ်လိုက်
ဒီတော့  . . . ပန်းသီးကို အရှင်လတ်လတ် ရင်ခွဲလိုက်ရမလား
နံရံကို ခေါက်ကြည့်ရင်
ဘာမှ အဓိပ္ပာယ် မရှိဘူးလို့ ကြားရမယ်
သတိရခြင်းဟာ
အသားစား ငါးတစ်မျိုး ဖြစ်တယ်။
ကောင်းကင်မှာက
မိုးမရွာတက်တဲ့
မိုးတိမ်ဆိုတာ ရှိတယ်
အိပ်ငွေ့ချထားတဲ့ ကျောက်တုံး
လမ်းပေါ်လိမ့်လာတယ်
ပြီးတော့ ဆက်လိမ့်သွားတယ် ။
စံညိမ်းဦး
Labels:
ပြန်တော့မယ်လို့  နှုတ်ဆက်မသွားတဲ့သီချင်း
ညဆို မြင်းတွေက ကဆုန်ပေါက်လို့ 
နေ့ ဆို ကုက္ကိုပွင့်တွေ မွှေးနေအောင် ကြွေလို့ ။
မိုးကြီးချူပ်သွားပြီ
ဒီလိုပါပဲ
ကုက္ကိုရွက်တွေမှာလည်း
မွှေးပျံ့ သောရနံ့ နဲ့ 
သွားချင်သူတွေ သွားလို့ 
လာချင်သူတွေလည်း လာလို့ 
ဒီလိုပါပဲ
အမှတ်တရတွေဆိုတာလည်း
ဒီလိုပါပဲ
သတိရတယ်ဆိုတာလည်း
ဒီလိုပါပဲ
မဆုံးဘယ်ခါရှိတော့မယ်
ဒီလိုပါပဲ
အသံကိုရွှေချထားလို့ မရတော့
အသံကိုစိန်စီထားလို့ မရတော့
ဒီသံသရာမှ
သူလည်း လွတ်ပါစေ
ကိုယ်လည်း ကျွတ်ပါစေ ။
ခင်ဇော်မြင့်
Labels:
အချစ်
အ၀ိဇ္ဇာက
ငါတို့ မျက်လုံးရှေ့ မှာ
ပြာလဲ့လဲ့နှင်းနဲ့  ပ၀ါစည်းပေးလိုက်တယ်။
ခလုတ်တိုက်မိတာက အစပေါ့လေ...
ပထမဆုံး အတွေ့ အကြုံတွေဟာ
ရင်ခုန်စရာမဲလိပ်ပါ...။
အခု
ဒဏ်ရာကနေ ဒီဇိုင်း
မျက်ရည်ကနေ မီးသင့်ကျောက်
အိမ်ထောင်ရေးတွေကလည်း
ကမ္ဘာမြေရဲ့ အလေ့ကျပေါက်ပင်တွေလို
ခွင့်လွတ်စရာတွေ
မေ့ပစ်စရာတွေ
နာမ်တွေ၊ကြိယာတွေ
ပြဒါးလို ကိုင်တွယ်ရခက်တဲ့ ကိစ္စများမြောင်တွေ
သဲသောင်ပေါ်
လှိုင်းသစ်တွေ တစ်လုံးပြီး တစ်လုံး
ဖုံးလွှမ်းသွားခဲ့ရာ..........။
တစ်နေရာရာမှာ
တစ်စုံတစ်ယောက်ဟာ
သဲလွန်စကို ကောက်ရခဲ့ပြန်တယ်....။ ။
ဝေးခေါင်
ရနံ့ သစ်မဂ္ဂဇင်း၊သြဂုတ်-၁၉၉၇
Labels:
ရစ်သမ်
ငါ့မျက်နှာနဲ့ ငါနဲ့ ဆုံရတာ
မနေ့က အတိုင်း
တစ်သဝေမတိမ်း
မနေ့ကအတိုင်း။
အဲဒါ မင်းကို
ငါ ဘာဝမ်းနည်းအောင် လုပ်မိလို့လဲ ။
အောင်ချိမ့်
Labels:
စစ်မဲ့ကဗျာ
က​မ္ဘာ့စစ်မှ
ပြည်တွင်းစစ်သို့
ပြည်တွင်းစစ်မှ
စစ်မဲ့ သေနတ်မဲ့ ပေါက်ကွဲဗုံးမဲ့
အနုမြူဗုံးမဲ့
စစ်နဲ့ ပတ်သတ် ဆက်စပ်
ဒုက္ခဆင်းရဲ
အဝဝ အစစ
ပြန်မလာစေရ ။
အောင်ချိမ့်
စစ်/ပြည်တွင်းစစ်/ငြိမ်းချမ်းရေး
စာအုပ်မှ
Labels:
ငါ့ဆီကဗျာ ဘယ်ပုံလာ
ညရဲ့ ကျောက်ဆောင်တွေပေါ်
စမ်းတဝါးဝါးသူလာ
ငါ့စခန်းမီးပုံရဲ့ အပြင်ဘက်
သူ ရပ်လို့ ခြောက်လှန့်နေတော့
သူ့ကို ငါ သွားတွေ့တယ်
အလင်းရဲ့  အဆုံးအစွန်မှာ ။
အောင်မိုး
Gary Snyder - How Poetry Comes to Me
Labels: ,
ရှားပါးသတ္တဝါ
ကျွန်တော့်အနေနဲ့တော့
ခင်ဗျားဟာ ရှားပါးသတ္တဝါတစ်ကောင်ပဲ
ဒါပေမယ့် မျိုးတုံးသင့်ပြီ
ခင်ဗျားဟာ ဇီဝဖြစ်စဉ်သက်သက်ထက် မပိုဘူး
ကိုယ့်ကိုယ်ကိုယ် ချွေတာတဲ့နေရာမှာလည်း နှစ်ယောက်မရှိ
လူပြက် ပြက်လုံးလို
ဒုတိယကမ္ဘာစစ်မီးနဲ့ ပြောင်းဖူးဖုတ်ရောင်းလို့
ခင်ဗျားခပ်တဲ့ ရေကလည်း
ခင်ဗျားဆေးတာနဲ့ ကုန်လို့
ကျွန်တော့်အနေနဲ့တော့
ခင်ဗျားဟာ ရှားပါးသတ္တဝါတစ်ကောင်ပဲ
ဒါပေမယ့် မျိုးတုံးသင့်နေပြီ
ခင်ဗျားဟာ ရေခဲပြင်မှာ စကိတ်စီးပြီး
ရေခဲပြင်တွေ ပျော်နေတာကို လျစ်လျူရှုသူ
ခင်ဗျားဟာ မျောက်သားလည်းစားချင်
မျောက်မျက်နှာလည်း မြင်ဖူးချင်သူ
ခင်ဗျားလက်တွေဟာ
ခင်ဗျားမျက်နှာကိုတောင် အားမနာ ပါးမနာ
ခင်ဗျားဟာ ကားသာစီးဖူးပြီး
မြင်းတွေဘာတွေ မစီးဖူးလေတော့
ဒါမှမဟုတ်
ခင်ဗျာကိုယ်ခင်ဗျားတော့ သိမှာပေါ့
အထီးလား အမလား
ကြည်ဇော်အေး
ပန်းအလင်္ကာ မဂ္ဂဇင်း ၊ ဇွန်လ ( ၂၀၀၇ ) ခုနှစ်
ရသကမ်းခြေ လပွတ္တာမှ ( ၂၀၀၇ ) ခုနှစ် ဂိမ္မန္တရာသီအတွက် အကြိုက်ဆုံး ကဗျာဆု
Labels:
28 July, 2015
ကမ္ဘာကြီးပုံ
ဘယ်လောက်အံ့သြဖို့ ကောင်းပါသလဲ
ဗလာစာရွက်အဖြူပေါ်
သမီးငယ်လေး ရေးချလိုက်တဲ့
ဝလုံး ၀ိုင်းဝိုင်းလေး
ဝလုံးနဲ့လည်းတူ
ဘောလုံးနဲ့လည်းတူ
လမင်းကြီးနဲ့လည်းတူ
ကမ္ဘာကြီးနဲ့လည်း တူတာကိုး
တကယ့် ကမ္ဘာကြီးပုံက
လတ္တီတွဒ်မျဉ်းတွေ
လောင်ဂျီတွဒ်မျဉ်းတွေ ရှုပ်ယှက်ခတ်
မလှဘူး
သမီးရေးတဲ့ ကမ္ဘာကြီးပုံက
ရှင်းရှင်းလင်းလင်းနဲ့
လင်းလင်းချင်းချင်း လှ
ဝလုံးလေးက စက္ကူဖြူဖြူပေါ်မှာ
ဘောလုံးက မြက်ခင်းစိမ်းစိမ်းပေါ်မှာ
လမင်းကြီးက ကောင်းကင်ပေါ်မှာ
ကမ္ဘာကြီးက ကမ္ဘာပေါ်မှာ
ရေးတာနည်းနည်း ညံ့သွားရင်တော့
စံပယ်ပန်းလေးနဲ့ တူပြန်သပေါ့ ။
အောင်ချိမ့်
၂၀၀၁
Labels:
ဒေသတွင်းသတင်း
ကိုယ့် မျက်စိရှေ့တင် ရူးသွားတော့လည်း
ကိုယ့်လို အရှင်လတ်လတ်ပဲ
နေက အပြင်းအထန် မောင်းနှင်လို့
ဒီနေ့ တစ်နေကုန် ဖျားနာမဲ့အကြောင်း မပြောလိုက်ရတာလည်း
မနက်ဖြန် သတင်းစာတွေ ရောင်းကောင်းတာပဲလား
အမြုပ်တစီစီနဲ့
အထုပ်ဖြည်လို့
ခွေးထက်သာတာဆိုလို့
ခွေးထက် မိုက်တာပဲ ရှိတယ်
အချစ်မှာ ကမ္ဘာက နေရာမရသော်ငြား
ကမ္ဘာမှာ အချစ်က နေရာရလို့
မနက်ခင်းဟာ
အသက်ထွက်လာပါပြီ ။
ကြည်ဇော်အေး
Labels:
သတင်းစာများကို ဖတ်ပါ
ထစ်နေတာလား
မီးကို အစာကျွေးပြီး
ရှေ့လျှောက် ဆွေးရဦးမယ်
ထစ်နေတာလား
ရေနဲ့ မျှောချ
ရေက ပြန်မဆန်ဘူး
မြေကပြန်လှန်လို့ရတယ်
လမ်းပေါ်က လူမို့
လမ်းပေါ်မှာပဲ သေရတယ်ဆို
လေထဲက လူတွေကကော
လေထဲမှာ သေကြမှာလား
"အရစ်ကလည်း ရှည်လိုက်တာကွာ
ပြည်တွင်းစစ်လိုပဲ"
အလောင်းကို သယ်လာတဲ့ လူနာတင်ယာဉ်နဲ့
အတိုက်ခံလိုက်ရလို့ သေသွားတဲ့ ကလေးတစ်ယောက်နဲ့
လတ်လတ်ဆတ်ဆတ် အလောင်းလို မနက်ခင်း ။
ကြည်ဇော်အေး
Labels:
ဗမာ့နွေဦး
မီးလောင်နေတဲ့ ၀ိုင်ယာကြိုးထဲက အော်သံဟာ
သွေးတွေ ပန်းထွက်နေတယ် ။
ကြည်ဇော်အေး
Labels:
ရန်ကုန်
"ရွှေတိဂုံဘုရားမှာ ကျားတက်တာ ငါးရက်ကြာတယ်"
မြေအောက်တူးမြောင်းတွေကို
အကြီးစားပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတယ်  ။
ကြည်ဇော်အေး
Labels:
အတွေးခေါင်သူ ရိုဒင့်ရေချိုးခန်းထဲက ရှမ်ပူ
လက်ထဲကိုရှမ်ပူတွေ ညှစ်ချလိုက်ပြီး ရေမချိုးသေးပဲ
ခေါင်းကစ ငါ တွေးတယ်
" ဒီခေတ်ကြီးလောက် သန်းထူတာ မရှိတော့ဘူး "
ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ငါ့ တစ်ကိုယ်လုံး
အမြှုပ်တွေ ဖွေးလို့
ငါလည်း တီဗွီမှာ ကြေငြာတဲ့ ရှမ်ပူတွေ သုံးတာပဲ
ဘယ်လိုဖြစ်တာပါလိမ့်
ကြည်ဇော်အေး
Labels:
အိမ်ရှေ့က သစ်ပင်
အဖွားက စိုက်ပြီး
ကျနော်က ရေလောင်းခဲ့တယ်
သူ သီးတော့ပွင့်တော့
အဖွားက ဘ၀တပါးမှာ
သူ့ အရိပ်ဖားဖားဝေတော့
ကျနော်က ရေခြားမြေခြားမှာ . . . ။
သစ်မြစ်တွေ
အချိန်ကာလထဲ တိုးဝင်တယ်
သူ့ကိုမှီပြီး
မရှိတော့တဲ့ အိမ်လေးကို ငေးကြည့်နေမယ်
တနေ့ကျရင်  ။
နှင်းခါးမိုး
၂၀၀၈
Labels:
စစ်ကိုင်း
နာရီက
ပန်ကာလို လိုက်လည်လို့ရလား
ပန်းခြောက်တွေက
တစ်သက်လုံး အတည်ပေါက်ပဲ
သူလည်းသွား
ကိုယ်လည်းသွား
မင်းဝံတောင်တန်း
ဘာမှမဟုတ်တဲ့ စာသားကို ရေးမိပြန်တယ်
ခင်ဇော်မြင့်
Labels:
ကဗျာ
တစ်ညလုံးပါပဲ
လဝန်းလေးကို
စကားလုံးတွေနဲ့ မျှားယူဖို့ ကြိုးစားခဲ့သူ
မိုးလင်းတော့
ချိတ်မှာမိနေတာ……
သူ ကိုယ်တိုင်ပေါ့  ။
နိုင်းနိုင်
Labels:
လက်ထပ်ခြင်း
ကိုယ်တိုင် မစိုက်ပျိုးရဘဲ ရိတ်သိမ်းလို့ရတဲ့ စပါးခင်းဖြစ်တယ်
ဘုရားသခင်ဆီက အတိုး မပေးရတဲ့ ချေးငွေဖြစ်တယ်
(ဒါပေမဲ့)
ပင်လယ်က နစ်မြှပ်ပစ်လိုက်တဲ့ သင်္ဘောလည်း ဖြစ်နိုင်ပါတယ်
သူရနီ
idea.July.2015
Labels:
နောက်ထပ်ချိန်းဆိုခြင်း
အချိန်ဟာ
ငါနဲ့ ကြမ်းတစ်ပြေးတည်းပဲ
ဇာတ်လမ်းတစ်ပုဒ်နဲ့
ဇာတ်လမ်းထဲက တစ်ယောက်လို
ဘယ်ကို သွားရ ဘယ်မှာ ဆုံးရမယ်ဆိုတာ သိကြသလို
ဆုံတွေ့ခဲ့ကြတယ်ဆိုပါစိဲု
ပြီးတာနဲ့ တစ်ယောက်တစ်လမ်းစီ
ဘယ်တော့များ ထပ်ဆုံရမလဲလို့လေ
ငါ့ဘက်က မပြတ်သားပုံများ ပြောပါတယ်
မိုးဝေး
Labels:
ပြတိုက်
လူဟာ ဒီလိုဖြစ်တက်တယ်လို့
လက်မခံနိုင်သရွေ့
ဆင်းရဲပင်ပန်းရမယ်
လက်မခံနိုင်တော့ရော
ထိုင်ကြည့်နေရုံပေါ့
သုခမိန်လှိုင်
Labels:
အချစ်တေး
အချစ်မရှိဘဲ ဘယ်သူ တေးသီနိုင်မလဲ
လရောင်အောက်မှာ တေးဆိုဖို့
စောင်းကြိုး ပြန်ညှိခဲ့သူ
ဝိညာဉ်ပေါ် အလွမ်းနှင်းတွေ ခိုစီးလို့
နွေဦးဆီ အိပ်မက်ကြည်ဆဲ
စိတ်လွင်ပြင် တစ်စတစ်ဆုံး
ပန်းရိုင်းတွေ ဖုံးနေခဲ့ပေါ့
မြတ်
Labels:
အလွမ်းရင့်ရင့်
ငါ သမ်းဝေပုံက
အတိုင်းအဆမရှိ နက်ရှိုင်း
နှစ်တွေ ယောင်ကိုင်းလို့
မျက်နှာသစ်လို့
နေ့တွေရဲ့ မျက်နှာမှာ
သွားများလည်း သံချေးတက်နေခဲ့
ဘရိတ်ပေါက်တဲ့ စိတ်နဲ့
တစ်နေ့တာ ထိုင်ခဲ့ပါတယ်
ငါးနက် ငါးဖွဲလေး မမိတဲ့နေ့
ဆေးပေါ့လိပ်က မီးခိုးတိတ်လို့
သြော်……
အမေရဲ့ သူရဲကောင်းကြီး
အသက်တွေကို ရေတွက်ရင်း
ရီ(ရယ်)သံတို့ ဆွံအခဲ့ပါတယ်
အောင်ဘညို
Labels:
စစ်
ကော​င်ေ​လး​က
အု​န်း​လ​က်နွားေ​လး​စီး​လို့
အေ​မပျော​က်​ကို ရှာ​တ​ယ်
​ေ​ကာ​င္​မ​ေ​လး​က
အ​ဖေ့​လာ​လ​မ်း​ကို
မျှော်​လို့  ။
သူ​ရ​နီ
ရု​ပ်ရှ​င်​တေးကဗျာ။ ​ဇူ​လို​င်။ ၂၀၀၆
Labels:
အမည်မဲ့ ၃
သ​င့်​အိ​မ်ြ​ပ​တ​င်း​တံ​ခါး​ကို ​ဖွ​င့်​လို​က်​ပါ
သ​င်​ဟာ
ေ​ကာ​င်း​က​င်​တ​စ်​ခု​ကို ​ရ​လိ​မ့်​မ​ယ်
အဲ​ဒီေ​ကာ​င်း​က​င်​ကို ​ထ​ပ်ြ​ပီး ​ဖွ​င့်​လို​က်​ပါ
လ​မ​င်း​နဲ့
ေ​ဘ​သို​ဗ​င်​ရဲ့ ​မွ​န်း​လို​က်​ဆို​နာ​တာ
ဓာ​တ်ြ​ပား​ရ​ယ်
ပ​န်းေ​ပါ​င်း​စုံ​နဲ့ ​လု​ပ်​ထား​တဲ့
ပ​န်​ကာ​ရ​ယ်
လ​က်​မ​ထ​ပ်​ဘဲ ​အ​တူေ​န​လို့​ရ​တဲ့
ဥ​တု​သုံး​ပါး​ရ​ယ်​ကို ​ရ​လိ​မ့်​မ​ယ်
ၿ​ပီး​ေ​တာ့
ြ​မ​က်​ခ​င်း​စိ​မ်း​စိ​မ်း ​တ​စ်​ရာ​နဲ့
လိ​ပ်ြ​ပာ​တ​စ်​ရာ​ရ​ယ်
ချော​င်း​ခ​ဏ​ခ​ဏ​ဆိုး​တ​တ်​တဲ့
အ​မှ​န်​တ​ရား​ရ​ယ်
ဆ​က်​ဆ​က်​လာ​မ​ယ်​ဆို​တဲ့
ေ​န​ရာ​င်ြ​ခ​ည်​ရဲ့ ​က​တိ​စ​ကား​ရ​ယ်
ေ​ဒါ​က်​ဖိ​န​ပ်​မ​စီး​လို့ ချော်​လဲ​တဲ့
ကဗျာ​ရ​ယ်​ကို ​ရ​လိ​မ့်​မ​ယ်
ၿ​ပီး​ေ​တာ့..
ဖွ​င့်​ထား​တဲ့ေ​ကာ​င်း​က​င်​ရ​ယ်
ဖွ​င့်​ထား​တဲ့ြ​ပ​တ​င်းေ​ပါ​က်​တ​စ်​ခု​ရ​ယ်
ဖွ​င့်​ထား​တဲ့ ​သ​င်​ကို​ယ်​တို​င်​ရ​ယ်​ကို
သ​င်​ရ​လိ​မ့်​မ​ယ်
သ​င့်​အိ​မ်ြ​ပ​တ​င်း​တံ​ခါး​ကို
ပိ​တ်​ထား​လို​က်​ပါ
အဲ​သ​လို​ဆို​ရ​င် ​သ​င်​ဟာ
သ​င့်​အ​သ​ည်းနှ​လုံး​ထဲ​မှာြ​မုံေ​န​တဲ့
(ချော​က်ချား​ဖွ​ယ်) ငလျ​င်​တ​စ်​ခု​ရ​ယ်​ကို
ရ​လိ​မ့်​မ​ယ်။
သ​စ္စာ​နီ
ပိေ​တာ​က်​ပွ​င့်​သ​စ်- ​စ​က်​တ​င်​ဘာ ၁၉၉၁
Labels:
လူဝင်စားတွေထိုင်တဲ့ ကဖေး
ဂ​စ်​တာ​တီး​မ​ယ်
ပ​န်းချီ​ဆွဲ​မ​ယ်
ကဗျာေ​ရး​မ​ယ်
ေ​အာ​င်ြ​မ​င်​လာ​တဲ့ ​တ​စ်ေ​န့ကျြ​ပ​န်ေ​ပး​မ​ယ်
ငါ​တို့​ကိုေ​ငွ​ရ​င်း​စို​က်​ထား​စ​မ်း​ပါ ​ဘ​ဏ်​တို​က်ြ​ကီးေ​တွ​ရ​ယ်
စိ​တ်​ကူးေ​တွ ​တွ​င်း​တူြး​က
ေ​ဇာ​က်​န​က်​န​က် ​လ​က်​ဖ​က်​ရ​ည်​ခွ​က်ေ​တွ​နဲ့
ေ​န့​နဲ့​ည​ကို ​တွ​ယ်​တြာ​က
ေ​ရ​နံ​တွ​င်း ​ဆ​ယ်​တွ​င်း​မှာ
တ​စ်​တွ​င်းေ​လာ​က်​ပဲ ​သေချာ​ပါ​သ​တဲ့
အ​ရ​ပ်​ဆ​ယ်မျ​က်နှာ​မှာ
လ​က်​ဖ​က်​ရ​ည်​တ​စ်​ခွ​က်​က ​ပိုကျိ​န်းေ​သြ​က
ဟို​တု​န်း​က ​ပါ​ရီ​လို
ကေ​ဖး​တ​စ်​ခု​ခု​မှာ ​ဆုံချ​င်ြ​က
လူ​သ​စ်​စိ​တ်​သ​စ်​နဲ့
ဘ၀ေ​တွ ​ဘ၀ြ​ပီး ​ဘ၀ြေ​ပာ​င်ြး​က
မွ​န့်ခ်ျ​လား
ဆီ​လ်​ဗီ​ယာ ​ပ​လာ့​သ်​လား
ြ​မို့​မြ​ငိ​မ်း​လား
အ​ခု​တ​င် ​အ​မ​ည်ြေ​ပာ​င်ြး​ပီး
ထွ​က်​သွား​တ​ယ်
အနု​ပ​ညာ​ဆို​တာ
ကျော​သား​ရ​င်​သား​မ​ခြွဲ​ခား​ဘဲ
လူေ​တာ​ထဲ ​ပ​စ်​ပ​ယ်​ခံ​ဖို့
ငါ​တို့ြ​ပ​န်​လြာ​က​တာေ​ပါ့
ဝ​င်ြး​မ​င့်
ရ​နံ့​သ​စ်၊​စ​က်​တ​င်​ဘာ၊၂၀၀၀
Labels:
ညီလေး သို့
မ​င်း​ကိုြ​ကည့်​ရ​တာ​လ​ည်း
အို​က်​ခ​မ​န်း​ရဲ့ ​င​ရဲ​ခ​န်း​ထဲ ​ဝ​င်ေ​န​ရ​သူ​လို​ပဲ
မိ​န်း​မ​တ​စ်ေ​ယာ​က်​ရဲ့ ​အ​ဆိ​ပ်ေ​ငွ့​နဲ့
စိ​တ်​တ​စ်​ကို​ယ်​လုံး ပျော့ေ​ခွ​လို့ …
ေ​ယာကျာ်း​ဆို​တာ
ေ​လာ​ကြ​ကီး​ရဲ့ ​နံ​ရံ​မှာ ​အ​ဓိ​ပ္ဗာ​ယ်​မဲ့ ချိ​တ်​ဆွဲ​ထား​ရ​မယ့်
ဂီ​တာ​တ​စ်​လ​က်​မ​ဟု​တ်​ဘူး။
ငါ​တို့​လ​ည်း ​ငါ​တို့​ဘ​ဝ​အလျော​က်
သူ​တို့​လ​ည်း ​သူ​တို့​ဘ​ဝ​အလျော​က်
မ​င်း​ဟာ
ေ​ကွ့ေ​ကာ​က် ​စီး​ဆ​င်း​လွ​န်း​တဲ့ြ​မ​စ်​တ​စ်​ခု​ထဲ​က
မေ​ကာ​င်း​ဆိုး​ဝါး​ပို​က်​ကွ​န်​ကို ​တိုး​ဝ​င်ေ​န​တဲ့ ​ငါး​ပဲ
ဘာ​တ​စ်​ခု​မှ
နား​လ​ည်​မေ​ပးနို​င်​တဲ့ ​မိ​န်း​မ​တ​စ်ေ​ယာ​က်​ကို
မ​င်း​ရဲ့ ​အ​သုံးမကျ​တဲ့ မျ​က်​ရ​ည်ေ​တွ​နဲ့ ​ဖွင့်​ဆိုေ​န​လ​ည်း
ဘာ​ထူး​မ​လဲ ….
သ​ဘာ​ဝ​တ​ရား​ကို​က
ရု​ပ်​ဝ​တ္ထု​ပ​စ္စ​ည်းေ​တွ​နဲ့​မြ​ပည့်​စုံ​တဲ့ ​ပ​င်​လ​ယ်​ကို
ဘ​ယ်​မိ​န်း​မ​မှ
မို​က်​လုံြး​ကီြး​ပီး ​စီး​မ​ဝ​င်​ဘူး
​ညီ​ေ​လး​ရာ …
မိ​န်း​မ​ဆို​တာ
မ​င်း​တို့ ​ငါ​တို့​ရဲ့ ​ဘ​ဝ​အ​ေ​ထြ​ေ​ထြ​ကိုု
တ​ရွှ​မ်း​ရွှ​မ်း ​ရို​က်နှ​က်နို​င်​တဲ့ ​မာ​ရ်​န​တ်​ရဲ့
ြ​ကာ​ပွ​တ်​တ​စ်ချော​င်း​ပဲ
ဒီ​မ​ယ် ​ညီ​ေ​လး
မ​င်း ​ဘ​ယ်​တိ​ရ​စ္ဆာ​န်ဥယျာ​ဉ်​ကို
တ​င်​ပို့​လို​က်ြ​ပီ​လဲ
လူ့ေ​လာ​ကြ​ကီး​ရဲ့ေ​ရ​ပွ​က်​ပ​မာ ​ဇာ​တ်​လ​မ်း​မှာ
အ​စွဲ​အ​လ​မ်းေ​တွ​နဲ့ ​သံ​သ​ရြာ​ကိုး​ရှ​ည်ချ​င်​သူ
မ​င်း​ဟာ ​လူ​ညံ့
မ​င်း​ကို ​သိ​ပ်ချ​စ်​ရ​သူ ​အ​စ်​ကို ​တ​စ်ေ​ယာ​က်​အေ​န​နဲ့
မ​င်းေ​ဘး​အ​နား​မှာ ​ထို​င်ြ​ပီး
ငါ ..
ဒီ​စ​ကား​ပဲြေ​ပာနို​င်​မ​ယ် ။ ။
ဥ​တ္တ​ရာေ​အာ​င်
၂၀၀၆ ​ ဧြ​ပီ၊ နှ​လုံး​အိ​မ် 
Labels:
ပုံတူ
တနေ့လုံး
တညလုံး
အညှီစော်ခံပြီးမှ
အဝေးကို ထွက်ပြေးလာခဲ့တာပေါ့
အိပ်နေတဲ့ လမ်းမကိုလည်း နှိုးခဲ့
နာဖျားဆဲ နာရီတို့ကိုလည်း ထားခဲ့
ငိုရှိုက်သံမဖြစ်သေးတဲ့ ငွေတချို့သာ
မိုး အဖြစ်နဲ့ရွာလာခဲ့
ပြောပြလို့ မတက်နိုင်တဲ့ ကောင်းကင်ဆန်မှု့နဲ့ပေါ့
အဲဒီနေ့က
မိုး တအားသည်းတယ်
အဆိပ်အချို့က အရမ်းချိုတယ်
ရထားဥသြဆွဲသံကလည်း
ခါတိုင်းထက် ပိုကျယ်လောင်တယ်။
ဒီဝသုန်ခက်
Labels:
ချာဂေါ နှင့် ခင်မောင်ရင်
အရုပ်ဆိုးသော နေ့များသည်
အနုပညာရှင်အား
သေစားသေစေ စိမ်ခေါ်ရာ
ချာဂေါ၏ လက်ရာများသည်
ကမ္ဘာကျော်အောင် ပျံသန်းခဲ့လေပြီ
ခင်မောင်ရင်ကား
နေမကောင်းသော နေ့များအား
သူ့ အရောင်များဖြင့် ကျန်းမာစေပြီ
ဆင်းရဲသောအချိန်များအား
သူ့ အချစ်များဖြင့် ရှင်သန်စေပြီ
ကမ္ဘာကြီး ခမျာ
တိုင်းပြည်ကြီး ခမျာ
ခင်မောင်ရင်ကြောင့် စိမ်းလန်းရလေပြီ ။
သုခမိန်လှိုင်
Labels:
ပြက္ခဒိန်များ လှန်လှောကြည့်ခြင်း (အားလည်း အားနေလို့ပေါ့လေ)
၂၀၁၄ ခုနှစ်ဟာ
၂၀၁၃ လို ။
၂၀၁၃ ခုနှစ်ဟာ
၂၀၁၂ လို ။
၂၀၁၂ ခုနှစ်ဟာ
၂၀၁၁ လို ။
၂၀၁၁ ခုနှစ်ဟာ
၂၀၁၀ လို ။
၂၀၁၀ ခုနှစ်ဟာ
၂၀၀၉ လို ။
၂၀၀၉ ခုနှစ်ဟာ
၂၀၀၈ လို ။
အောင်ချိမ့်
Labels:
အချစ်တင်ဆက်မှု
ငါ သောက်ပစ်လိုက်တယ်
ချစ်သူမျက်နှာနဲ့
စေးပျစ်ပျစ်ကမ္ဘာကြီးရဲ့
အလင်းနှစ်တွေကိုလေ
အောင်မြင်မှုအတွက်
မုန့်ဟင်းခါးကို အဆစ်တောင်းသလိုမျိုး
ထောင့်မကျိုးပုံများ
သံပြိုင်မဲ့မြို့တော်ရဲ့
ညနေခင်းတွေဆီ
အပြေးအလွှားရောက်ခဲ့ပြန်ပေါ့
ညီမလေးရဲ့
သုံးရာသီဖျားနာနေတဲ့ အသံတွေ
ဟောဒီသံလမ်းပေါ်မှာ
တုန်ခါ လူးလွန့်လို့
ခဲသားနှစ်
မိုးသားအရိုင်းတွေ
မြို့တော်ရဲ့  အဆီပြန်ပါးစပ်ပေါ်
ရှပ်တိုက်ပြေးလွှားကြ
ဖုန်းထဲမှာ နစ်မြုပ်နေတဲ့
ညီမလေးရဲ့ အနမ်းတွေနဲ့
မှိန်ဖျော့ဖျော့မျက်လုံးတစ်စုံကို
ငါ စုပ်ယူလိုက်တယ်
ကတ္တရာလမ်းမလျာကြီး
သွားရည်တများများ
ဖိနပ်များကို ၀ါးနေချိန်ပေါ့
ပုပ်အဲ့အဲ့ စကားလုံးတို့
အသိန်းအသန်း
ကောင်းကင်လည်ချောင်းထဲက
အရူးအမူး အန်ချလိုက်တယ်
ဂျူးလိယက်ဖူးချစ်ရဲ့
ရွှေသားအစစ်
(ညီမလေးကို)
မောင့် ဂူစတီနာဖြစ်စေချင်တယ်
မောင်ဟာ
ကဗျာဆရာပါ အချစ်ရယ် ။
အောင်ဘညို
ရုပ်ရှင်တေးကဗျာ ၊ ဇန်န၀ါရီ ၊ ၁၉၉၁
Labels:
25 July, 2015
ဂမ္ဘီရ မိုးကြိုး
လေညှင်း သူစိမ်းပွတ်သပ်
မွန်းကျပ်ရုန်းကြွ တိမ်အုပ်
မုတ်သုံ မာရသွန်။
အလင်းစ ပက်ကြားအက်ထ
လဲကျသစ်ရွကပ်သေ ခုန်ပေါက်
လမ်းလျှောက် ကကြိုးသင်
မျက်တောင်ခတ်ကောင်းကင်
ပဲ့တင်သံအထပ်ထပ်
စောင်းကြိုးတွေ ပြတ်ခဲ့ပေါ့ ။
နေစိမ့်
Labels:
တစ်ရက်ကြိုရတဲ့ ကဗျာ
အာဇာနည်တွေရဲ့ အလောင်းများအား
ဦးခေါင်းနှင့် ထမ်းမိကြပြီ
ဘယ်တိုင်းပြည်ကို သွားမှာလဲ
သုခမိန်လှိုင်
၁၈.၇.၂၀၁၂
Labels:
အချစ်ကဗျာ
ငါတို့ကိုယ်ထဲလျှပ်စစ်ဓာတ်
တဖျတ်ဖျတ်စီးနေတဲ့နှစ်တွေ
သေနတ်များနဲ့ဒဏ်ရာများ
လင်မယားလုပ်တမ်းကစား
မီးခြစ်ဆံလိုပစ်ချလိုက်တော့
ငါတို့ဆိုတဲ့ စကားလုံးမှာ မီးစွဲခဲ့
လိပ်ပြာဟာမြိနေတဲ့ဆူးကို
မလွှတ်တမ်းဖက်ထားခဲ့တယ်
အောင်ခင်မြင့်
Labels:
နိုင်များ
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်
ရန်ကုန်မြို့ကြီး အာရှအလှဆုံးမြို့ကြီး ဖြစ်နိုင်
ကမ္ဘာကြီး မကြာမီ ငြိမ်းချမ်းရေး ရနိုင်
မည်သူမဆို ကြိုးစား ဘုရား ဖြစ်နိုင်
သုခမိန်လှိုင်
3 Oct 2012
Mandalay ICON.Nov.2012
Labels:
ထပ်ခိုးများ
သဘာဝတော့ ကျတယ်
အလင်းရောင် လေရိုင်းနဲ့ မိုးရေများ
ပင့်ကူအိမ် ဖုန်မှုန့်နဲ့ ကုက္ကိုရွက်များ
စီးဝင်ပေါင်းဆုံရာ မြစ်များ။
မြင်ရတယ်
မတ်စောက်ကြပ်ခဲ့တဲ့ အတွင်းသားမှာ
နေ့တ၀က်နဲ့ လူလွတ်တစ်ယောက်
ဖျောက်ဖျက်ဖို့ ကျကွဲဖို့
နေ့တိုင်း လဲကျသေဆုံးဖို့
ညှင်းသိုးသိုး မျက်နှာပေါက်တွေကို
မည်းညစ်ညစ် ပြတင်းမှာ ကပ်ဖို့
အမှောင်ကို ငတ်
သန့်ရှင်းစင်ကြယ်မှုကို ငတ်
ထပ်ခိုးထဲ ငတ်ကြီးကျလို့
အထပ်လိုက်
နောင် လာမယ့် ထပ်ခိုးတွေရော
ပြီးခဲ့တဲ့ ထပ်ခိုးတွေပါ ၀င်လာခဲ့ရာ
အောက်သိုးသိုး အနံ့
ဂျက်ဇ်ဂီတ
တရားဦး
ရာသီဆိုးများနဲ့
ခဏ ခဏ နေမြင့်ခဲ့ ညဉ့်နက်ခဲ့ရာ အိမ်ခေါင်မိုးများ ။
ဝင်းလွင်
GEM ။ စက်တင်ဘာ ။ ၁၉၉၉
Labels:
ကိုချောအတွက် အချစ်သီချင်း
တစ်ချပ်မှောက်ဖဲသမားလို
ဘ၀မှာ ကိုယ့်သေချာမှု့နဲ့ ကိုယ် ရှိပြီးသား
မာရေကြောရေ နေနိုင်ကာမှနေ
အလကားနေရင်း
စော်ကားဖို့ ၀န်မလေးတဲ့ကောင်စားတွေလည်း
ကမ္ဘာထဲမှာ ဒုနဲ့ဒေး
နေရင်း ထိုင်ရင်း
မိုက်ရိုင်းဖို့ ၀န်မလေးတဲ့ ကောင်စားတွေလည်း
ကမ္ဘာထဲမှာ ဒုနဲ့ဒေး
သွားရင်း လာရင်း
မစင်တွေ ကိုယ့်ကို မစင်အောင်
ကာကွယ်တက်ဖို့တော့ လိုလိမ့်မယ်
စိတ်ပျက်မိတိုင်း
အရိပ်လက်ဝှေ့ထိုးခဲ့ရ
ဇာတ်ကြီးဆယ်ဖွဲ့ထဲက
ရက်စက်တဲ့ ပုဏ္ဏားလို
ကျေးဇူးတရားမသိ၊ ဘာမသိ
ဦးနှောက်ထဲ ချွဲတွေပဲရှိတဲ့ ဒင်းတို့နဲ့
ကြမ်းတစ်ပြေးတည်း နေထိုင်ခဲ့ရတာ
သိပ်နာတယ်
ကိုချောရေ
ကမ္ဘာဦးမှာ
ပလာတူးတွေ မရှိပေမဲ့
တဏှာရူးတွေတော့ ရှိခဲ့တယ် ။
မိုဃ်းဇော်
ပိတောက်ပွင့်သစ်။ ဒီဇင်ဘာ ။ ၂၀၀၈
Labels:
ဇာခြင်ထောင်ကလေးတစ်လုံး
ဘ၀ဆိုတာ
မိသားစု (၄)ယောက်ဆံ့တဲ့
ဇာခြင်ထောင်ကလေးတစ်လုံးပေါ့
အလွမ်းဆိုတာ
ဇာခြင်ထောင်ကလေးပေါ်က
မွစာကြဲနေတဲ့
ခြင်ဝင်ပေါက်တွေပေါ့
ပျော်ရွှင်မှုဆိုတာ
ဇာခြင်ထောင်ကလေးထဲ
အသံမပေးဘဲ ၀င်လာတက်တဲ့
ညလေအေးလေးပေါ့
ဇာခြင်ထောင်ကလေးတစ်လုံးနဲ့
အိပ်မက်တွေကို တည်ဆောက်နေမိတယ်
ဇာခြင်ထောင်ကလေးတစ်လုံးနဲ့
နေ့သစ်ကို စောင့်မျှော်နေခဲ့မိတယ်
ပျော်ရမလား
လွမ်းရမလား
ကျွန်တော်တို့ရဲ့ မိုးညများ ။
မိုဃ်းဇော်
သရဖူ ။ ၂၀၀၉
Labels:
ပညာရွှေပြည်
ဇာတ်ရုပ်က ဘယ်လိုပုံစံလည်းဆိုတော့
ရူးနေတာပေါ့နော်
တစ်ခါမှ မလုပ်ဖူးသေးလို့
နည်းနည်း စိုးရိမ်မိပေမယ့်
ဝါရင့်တွေကလည်း လက်တွဲပြီးခေါ်ကြပါတယ်
ဒီတော့ ရူးရတာ အဆင်ပြေပါတယ်
မိန်းကလေးတွေက သနားကြပြီး
လူကြီးတွေက သံဝေဂ ရလို့
ကလေးတွေကတော့ ခဲနဲ့ဝိုင်းပေါက်ကြတာပေါ့ ခင်ဗျာ
ဘာကြောင့် ရူးရမှန်း မသိပေမယ့် ပီပြင်ပါတယ်
ဆုတွေ ဘာတွေဆိုတာကတော့ ကံပေါ့နော်
ဘယ်လို ပြောရမလည်း နတ်ကြီးတယ်လေ
ဘာကြောင့် ရူးရမှန်း မသိပေမယ့် အောင်မြင်ပါတယ်
ပြန်ကြည့်ပြီး မျက်ရည်တောင်ကျမိတယ်
ပရိသတ်တွေကလည်း ဖုန်းဆက်ပြီး ချီုးကျုးကြတယ်
ဝေဖန်ရေးဆရာတွေ ဘာတွေကလည်း ဝိုင်းပို့ကြတာပေါ့
ဘာကြောင့် ရူးရမှန်း မသိပေမဲ့ ထူးခြားမှုရှိပါတယ်
အဓိက ကတော့ ပတ်ဝန်းကျင်ပေါ့
ပတ်ဝန်းကျင်မှာလည်း အရူး တွေ ချည်းပဲဆိုတော့
သင်ယူရတာ လွယ်ပါတယ်
သင်ပြီးမှ ရူးရတာဆိုတော့ စနစ်ကျတာပေါ ခင်ဗျာ
သင်လည်း သင်ပြီး ရူးချင်ရင်ပြောနော်
ပိတ်ရက်မရှိ
တန်းခွဲမရှိ
သင်တန်းသား ဦးရေ အကန့်အသတ် မရှိ ။
ကြည်ဇော်အေး
Labels:
ဝါးဟိုးလ်များ
အင်ဒီဝါးဟိုးလ်က
သေနတ်ပုံတွေ
မွန်ရိုးပုံတွေ
စည်သွပ်ဘူးပုံတွေ
မော်စီတုန်းပုံတွေ
စိတ်ချမ်းသာတာတွေ အများကြီး ဆွဲတယ်
စိတ်မချမ်းသာတာတွေ အများကြီး ဆွဲတယ်
ငါတို့မှာလည်း ဒီ နှစ်ခုပဲ ရှိတာ မဟုတ်လား ။
သုခမိန်လှိုင်
Labels:
22 July, 2015
ချစ်ခန်းကြိုက်ခန်း
သာမာန်လူ့မြင်ကွင်းတစ်ခုပဲ
လက်နက်အဆန်းတွေ မရှိဘူး
လင်းနို့ထက်မြန်တဲ့ ငှက် မရှိဘူး
စာချုပ်နဲ့ နေထိုင်မှု့ မရှိဘူး
ငါ့ကိုယ်ငါ မချစ်တဲ့ ချစ်မေတ္တာမှာ
ငါ့ကိုယ်ငါ သူစိမ်းတယောက်လို အော်ခေါ်မိတယ်
ဘုရားရှိခိုးကျောင်းလည်း မရှိဘူး
ဟိန်းမြတ်ဇော်
Labels:
ပလုံ
ရေထဲကို ခဲကျသွားတာလည်း ဖြစ်နိုင်တယ်
ရေထဲကငါးခုန်တက်လာတာလည်း ဖြစ်နိုင်တယ်
တစ်နေ့မှာ ငါ့ အတ္ထုပ္ပတ္တိကို ငါ ပြန်ဖွင့်ကြည့်လိုက်တယ်
ဘယ်လို ဖြစ်သွားသလဲ မသိဘူး
'ပလုံ'
တာရာမင်းဝေ
Labels:
ဖရန့် ဒရိုက်ရဲ့စီမံကိန်း
ရေဒီယိုအချက်ပြတွေကတဆင့်
ထောက်လှမ်းသိရှိရတဲ့ယဉ်ကျေးမှုတစ်ခုဟာ
ရှေးကျတဲ့ယဉ်ကျေးမှုတွေဟာ
ရုပ်သံစနစ်တွေအတွက်ထုတ်လွှင့်ကြတဲ့အခါ
အကုန်လုံးနီးပါးဟာအာကာသထဲကိုလေလွင့်သွားကြ
ဒါဆိုရင်မှုခင်းအစီစဉ်တွေအကြမ်းဖက်မှုတွေ
ဒါတွေကအစစ်အမှန်ကိုတိတိကျကျထင်ဟပ်တဲ့ပုံရိပ်တွေမဟုတ်ကြပါဘူးဟုတ်လား
လုံးဝအဓိပ္ပာယ်မရှိပါဘူး
စကြဝဋာကူးသန်းရောင်းဝယ်မှုတစ်ခုဖြစ်နေရင်
ကြက်ဥမုန့်ချိပ်စ်ပြားတွေဘယ်လိုဝယ်မလဲ
ကြော်ငြာတစ်ခုများဖြစ်နေမလားဆိုတဲ့အချက်မကြိုက်ပေမယ့်လည်း
ဒီစီမံကိန်းဟာအလောင်းအစားတစ်ခုနဲ့
ဆယ်မိနစ်တိုင်းဆယ်မိနစ်တိုင်းမှာဆယ်သန်းပုံတစ်ပုံပဲ
ဝေဖန်စိစစ်ကြည့်ရင်ဖြစ်လာနိုင်ပါတယ်
၁၉၇၀ခုနှစ်ထဲမှာသဘာဝလွန်တွေကိုယုံကြည်တာထက်ပိုတဲ့
ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်
လူသားဟာအထီးကျန်မဟုတ်တော့
မြှုပ်ထားသလိုဖြစ်နေတော့
သုံးနိုင်သမျှအရင်းအမြစ်တွေမှာ
ဂြိုဟ်တုတွေအလင်းဖန်မျှင်ကွန်ယက်တွေနဲ့ဆိုရင်
ဂြိုဟ်သားတွေအနေနဲ့လူသားတွေကိုထောက်လှမ်းဖို့ခက်ခဲမှာပေါ့
ကျွန်တော်တို့ဒီမှာရှိနေတယ်ဆိုတာသူတို့ကိုနိုးကြားစေဖို့
ရည်ရွယ်ချက်ရှိရှိနဲ့အချက်ပြတွေထုတ်လွှင့်သင့်သလား
ကိုယ့်ကိုယ်ကိုယ်သတ်သေသလိုဖြစ်မနေဘူးလား
လောင်းကြေးကအခမဲ့ပါ
နိုင်ရင်တော့အကြီးအကျယ်နိုင်ပါလိမ့်မယ်။   ။
ကြည်ဇော်အေး
မတ်လ ၂၀၁၁  ( မြန်မာကဗျာ ၂၀၁၀ )
Labels:
17 July, 2015
ဆွေးနွေးခန်း
ေ​မး။ ။ အကျ​ယ်​ဝ​န်း​ဆုံး​အ​ရာ​ကား ​အ​ဘ​ယ်​န​ည်း
ြေ​ဖ။ ။ ​အ​စာ​အိ​မ်ြ​ဖ​စ်​ပါ​တ​ယ်
​ေ​မး။ ။ ​အ​ရှ​ည်​ဆုံး​အ​ရာ​ကား ​အ​ဘ​ယ်​န​ည်း
ြေ​ဖ။ ။ လျှာြ​ဖ​စ်​ပါ​တ​ယ်
​ေ​မး။ ။ ​အ​ေ​ဝး​ဆံုး​အ​ရာ​ကား ​အ​ဘယ်​န​ည်း
ြေ​ဖ။ ။ ​နား​ရွ​က်ြ​ဖ​စ်​ပါ​တ​ယ်
​ေ​မး။ ။ ​အြေ​ခ​ခံအကျ​ဆုံး​အ​ရာ​ကား ​အ​ဘ​ယ်​န​ည်
ြေ​ဖ။ ။ ​ဖိ​န​ပ်ြ​ဖ​စ်​ပါ​တ​ယ်
​ေ​မး။ ။ ​အ​မှ​န်​ဆုံး​အ​ရာ​ကား ​အ​ဘ​ယ်​န​ည်
ြေ​ဖ။ ။ ​သ​မာ​ဓိ ချိ​န်​ခွ​င်ြ​ဖ​စ်​ပါ​တ​ယ်
​ေ​မး။ ။ ​သ​စ္စာ​အ​ရှိ​ဆုံး​အ​ရာ​ကား ​အ​ဘ​ယ်​န​ည်း
ြေ​ဖ။ ။ ​မှ​န်ြ​ဖ​စ်​ပါ​တ​ယ်
​ေ​မး။ ။ ​တ​န်​ဖိုး​အြ​ကီး​မား​ဆုံး​အ​ရာ​ကား ​အ​ဘ​ယ်​န​ည်
ြေ​ဖ။ ။ ချ​က်​လ​က်​မှ​တ်ြ​ဖ​စ်​ပါ​သ​ည်
​ေ​မး။ ။ ​အ​သ​န့်​အ​ရှ​င်း​ဆုံး​အ​ရာ​ကား ​အ​ဘ​ယ်​န​ည်း
ြေ​ဖ။ ။ ​ဆ​ပ်ြ​ပာြ​ဖ​စ်​ပါ​သ​ည်
​ေ​မး။ ။ ​စိ​တ်အချ​ရ​ဆုံး​အ​ရာ​ကား ​အ​ဘ​ယ်​န​ည်း
ြေ​ဖ။ ။ ​မ​သေချြာ​ခ​င်းြ​ဖ​စ်​ပါ​သ​ည်
ြေ​ဖ။ ။ ​ရ​ပ်​တ​န့်ြ​ခ​င်းြ​ဖ​စ်​ပါ​သ​ည်
​ေ​မး။ ။ ​လိ​မ်​ညာ​မှု အများ​ဆုံးေ​န​ရာ​ကား ​အ​ဘ​ယ်​န​ည်း
ြေ​ဖ။ ။ ​သူ​မ၏ နှု​တ်​ခ​မ်း​တ​စ်​စုံြ​ဖ​စ်​ပါ​သ​ည်
မ​င်း​လူ
Labels:
သေခြင်းတရား
သေခြင်းတရား
သေခြင်းတရားဆိုတာ နှဲသံကြီးနဲ့ သစ်ရွက်ဝါတွေ
သေခြင်းတရားဆိုတာ ရေပွက်ပမာ တခဏတာ ရှေးရိုးမှာ
သေခြင်းတရားဆိုတာ နောက်ကျမှဆိုက်ရောက်လာမယ့် ရထားတစ်စင်း
သေခြင်းတရားဆိုတာ ရွေးချယ်သူတွေ မရွေးချယ်ခဲ့တဲ့ အရာဖြစ်ပြီး
သေခြင်းတရားဆိုတာ မရွေးချယ်ခဲ့သူတွေ အရွေးချယ်ခံလိုက်ရတဲ့ အရာ
သေခြင်းတရားဆိုတာ အကောင်းကိုရှာ၏ အကောင်းကား မရှိတော့
သေခြင်းတရားဆိုတာ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ မရှိပဲ
သေခြင်းတရားဆိုတာ ဖြေးဖြေးလေး နင်းဝင်လာတဲ့ ကျေးဇူးတရား
သေခြင်းတရားဆိုတာ ပြန်လည်မွေးဖွားခြင်း၏ တံခါးပေါက်
သေခြင်းတရားဆိုတာ သူလိုကိုယ်လို မိန်းမလိုက်စားခြင်း
သေခြင်းတရားဆိုတာ လိမ်ညာဟန်ဆောင်သူတွေရဲ့ စာရေးစားပွဲ
သေခြင်းတရားဆိုတာ  အခန်းတစ်ခန်းထဲက နောက်ဆုံးညစာ
သေခြင်းတရားဆိုတာ အနမ်းတွေ လွတ်ကျထားတဲ့ ကပွဲခန်းမ
သေခြင်းတရားဆိုတာ မီးသီးအစိမ်းတွေ လင်းလာတုန်း ပြုတ်ကျသွားတဲ့စိတ်
သေခြင်းတရားဆိုတာ ဆရာဝန်တွေ ခေါင်းခါပြခြင်း
သေခြင်းတရားဆိုတာ မနက်ဖြန်တွေ့ဖို့ ချိန်းထားတဲ့ သူငယ်ချင်းတစ်ယောက်
သေခြင်းတရားဆိုတာ လက်ဖက်ရည်ခွက်ထဲက ယင်ကောင်
သေခြင်းတရားဆိုတာ လက်ဖျားခြေဖျားတွေဟာ အေးစက်စီးဆင်းခြင်း
သေခြင်းတရားဆိုတာ ဆိုတဲ့ အဓိပ္ပာယ်ကို မရောက်လိုက်ခင်မှာ
သေခြင်းတရားဆိုတာ ကွယ်လွန်သူတို့ရဲ့ နောက်ဆုံးရသော ကြေးတံဆိပ်
သေခြင်းတရားဆိုတာ လက်ဖျံရိုးထဲက ပန်းထွက်လာတဲ့ သွေး
သေခြင်းတရားဆိုတာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း
သေခြင်းတရားဆိုတာ ခွေးတွေ အုပ်လိုက် ဟောင်ခြင်း
သေခြင်းတရားဆိုတာ ခင်ဗျား ဒီစာဖတ်နေချိန်မှာ ခင်ဗျားအတွက် သီးသန့်ထုတ်လုပ်နေပြီဖြစ်တဲ့ အထီးကျန်စက်ရုံ
ဒီဝသုန်ခက်
Labels:
ဦးခေါင်းခွံများ
နာရီတွေ အရည်ပျော်နေတုန်းမှာ
အေးစက်သွားတဲ့ စကားလုံးတွေက အစော်ကားခံသီချင်းကို ဆိုကာ
ပူလောင်သော နေ့ရက်များဆီကို ဆိုက်ကပ်လာခဲ့တယ်
ဘ၀က အေးစက်စက်နိုင်လွန်းသလောက် ထိတွေ့ရတဲ့ လေထုက ပူခြင်း
လူဟာ တစ်ယောက်တည်း အထီးကျန်နိုင်လွန်းပြီး ကြယ်တွေနဲ့ ကွန်ပစ်
တစ်ယောက်တည်းပဲ သီချင်းဆို တင်းတိမ်နိုင်စွမ်းစာမျက်နှာများ
တစ်ယောက်တည်းနေရင်း သီချင်းတွေကို အဆုပ်လိုက် ဖမ်းဆုပ်ပြီး ဘ၀ကို ခေါစာပစ်
လာလိုချင်ရင် အနီးလေးပဲ မုန်းတော်မူလို ကမ်းပါးကို အော်ပြောလိုက်မိ
ကမ္ဘာ့ပထ၀ီဝင်ဘာသာရပ်မှာတော့ ခြောက်သွေ့ကုန်းမြေဟာ ငါ ကျက်လို့မရတဲ့ စာပိုဒ်တစ်ခုပဲ
ကိုယ့်ကိုယ်ကို ပြန်ညှို့လို့ ဘယ်တော့မှ မရတော့ဘူး
ဘာကိုမှ ယုံကြည်လို့မရတဲ့ လောကထဲမှာ ယုံကြည်မှု့နဲ့ အသက်ရှင်ခြင်း
ကျိန်စာသင့်ထားတဲ့ မှန်တွေဟာ တချပ်ပြီးတချပ်ရိုက်ခွဲလိုက်ရတယ်
လွတ်မြောက်နယ်မြေရဲ့ အမှောင်ဟာ ချစ်စရာသိပ်ကောင်းတယ်
ချုပ်တည်းနိုင်စွမ်းမရှိခဲ့ရင် အသက်ဇီဝဓာတ်ဆိုတာ အဖြူရောင်အငွေ့တခုသက်သက်
ငါ တယောက်တည်း လွတ်မြောက်နေချိန်မှာ လန်းဆန်းစေလွန်းအားကြီးပါတယ်
ပစ်ပြီးသား ကျည်ဆန်ခွံကို ပြန်အသုံးပြုလို့မရသလို ငါဟာ ငါ့ကိုယ်ငါ ဘုရားပန်းအိုးထိုးမိရဲ့
အရေပြားသက်သက်သာ အိမ်ကို တန်းတန်းမတ်မတ်ပြန်လာပါတယ် ။
ဒီဝသုန်ခက်
Labels:
ပုဇွန်တောင် ညနေခင်း
အသံအကျယ်ဆုံးသူက အပျော့ညံ့ဆုံးပဲ
လိုအပ်ရင် ဘာမှ မပြောပဲ တိတ်တိတ်ကလေး နေရမယ်
နယူးယော့ခ်ဂိုဏ်းစကားက
အောင်မြင်ရင် ရန်သူပေါမယ်
မအောင်မြင်ရင်တော့ မိတ်ဆွေပေါမယ်တဲ့
မိတ်ဆွေစစ်ရင်တော့ ပွင့်ထွက်နေတဲ့ခေါင်းကြီးနဲ့လာလည်း ကြိုဆိုရမှာပဲ
ဘယ်တော့မှ ဓာတ်ဆီမကုန်တဲ့ ခြေထောက်တွေနဲ့
မြို့ထဲကနေ ပုဇွန်တောင်အထိ ငါတို့လျှောက်ခဲ့ကြတယ်
သူငယ်ချင်းတွေလို ၊ ညီအစ်ကိုတွေလို ၊ ပုလင်းတူဗူးဆို့တွေလို
ကြယ်တွေရဲ့ အလင်းရောင်နဲ့ လမ်းမီးရဲ့ အလင်းရောင်
ရောထွေးပေါင်းစပ်သွားသလို
မောင်ဖီလာ
Labels:
လှသန်းရဲ့ နောက်ဆုံးနေ့များ
လာထား
ဘော့မာလေတွေ ဝိုက်ကလပ်စ်ဂျင်းတွေ
လာထား
ပါရီကျဆုံးခန်းတွေ ပါရီရုပ်ပုံလွှာတွေ
လာထား
ရွှေကျီးညို နဲ့ ပဲခူးမြတွေ
လာထား
ဇေတွေ  ဝက်ခေါင်းသုပ်တွေ
သုံးမကုန် ဖြုန်းမကုန်
အမွေရခဲ့တဲ့ ငွေပုံပေါ် ထိုင်နေတဲ့ သူဌေးသားတွေလို
မျက်နှာထားတွေ
တကယ်တော့
မြေပေါ်ရှစ်ဆယ် မြေအောက်ရှစ်ဆယ်
မြွေတွေ
သူ့
အပေါက်တွေ
သူ့
ပျော်စရာ အိမ်မက်ဆိုးတွေ
သူ့
လက်မောင်းသွေးကို ဖောက်ကြည့်ခြင်းတွေ
စသည့်ဖြင့်
ကျန်ရစ်သူများမှာသာ ယောင်ရမ်းစွာ
ပြာပူပေါ်
ပျော်လို့ ။
                                       ကြည်ဇော်အေး
Labels:
13 July, 2015
ပေးစာ
ဒီနေ့ နဲ့
လိပ်စာကိုတောင်ပံတပ်ခဲ့ခြင်းမှာ မီးစိမ်းတယ်
လမ်းများ
သူငယ်ချင်းများ
ငါတို့ရဲ့
ကိုယ်ကျိုးနည်းခဲ့တဲ့ သုညများ
အိမ်မှာ
အမေကအဖေ့ကိုထမင်းစားကောင်းလားလို့မေးတယ်
အဖေကချဉ်ရည်ဟင်းကခေါ်သွားတယ်လို့ပြောတယ်
အခြေအနေဘယ်လိုလဲ
ရေစိုနေတဲ့
သစ်သားမီးခြစ်ဆံတစ်ချောင်းလိုအဖြစ်မှကင်းဝေးစေချင်တာ
သတိရပါတယ်
ထက်တည်မြင့်
Labels:
11 July, 2015
၁၇
မီးပန်းဆိုင်းကြီးကို
ကားနဲ့ ဝင်တိုက်အပြီးမှာ
ကျွန်တော်ဟာ ဖုန်းရုံဆီ
အပြေးသွားခဲ့တာပေါ့ ။
ကျွန်တော့်ဇနီးကို ဖုန်းခေါ်ပေမယ့်လည်း
သူမက အိမ်မှာ ရှိမနေဘူး ။
ကျွန်တော် တုန်လှုပ်ခြောက်ခြားသွားပြီ
အရင်းနှီးဆုံး သူငယ်ချင်းကို
ဆက်သွယ်ပေမယ့်လညိး လိုင်းက မအားပြန်ဘူး
ဒါနဲ့ ပါတီတစ်ခုကို သွားပြန်တော့
ထိုင်စရာခုံမရှိဘူး ။
တချို့လူတွေက သူတို့ရဲ့ ခြေထောက်တွေနဲ့
ကျွန်တော့်ကို နင်းခြေသွားကြတယ်
ကျွန်တော့်ပါးစပ်တွေက တွန့်ခေါက်လို့
လက်နက်တွေက ကျွန်တော့်လည်မြိုကို
စူးဝင်လို့
ကျွန်တော့်အစာအိမ်က ပြည့်ကျပ်ဖောင်းကားလို့
ခွေးတွေက ကျွန်တော့်မျက်နှာကို လျှာနဲ့လျက်ကြတယ်
လူတွေက ကျွန်တော့်ကို စိုက်ကြည့်ပြီး
မင်း ဘာဖြစ်နေတာလဲလို့ မေးကြတယ် ။
အောင်မြင်တဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ တွေ့တော့
စကားပြောဖို့ ရပ်လိုက်တဲ့ အခါ
ကျွန်တော် နေမကောင်းဘူးဆိုတာသိတဲ့ သူတို့က
ဆေးတောင့်တချို့ ပေးသွားကြတယ် ။
အိမ်ကို ပြန်ရောက်လို့
သေကြောင်းကြံတဲ့စာ ရေးနေချိန်မှာပဲ
လမ်းအတိုင်း ဆင်းလာနေတဲ့
လူအုပ်တစ်အုပ်ကို တွေ့လိုက်ရတယ်။
'တကယ်ပါ
မာလွန်ဘရန်ဒိုကို
ဆန့်ကျင်းရာ
အကြောင်း မရှိဘူး'   ။
အောင်မိုး
Bob Dylan - 17
Labels: ,
10 July, 2015
သူငယ်ချင်း
မိုးရွာရွာ နေပူပူ
ဥပေက္ခာနဲ့ လက်ခံလိုက်ရုံ
မေတ္တာခြုံမှ လုံမယ်လို့
မင်းယုံသလို ငါလည်း ယုံတယ်
အရာင်အဆင်းတွေ တူခဲ့ကြသလို
အဆင်လည်း မကွဲခဲ့ကြ
ကောင်းကျိုးမှာ ငါတို့ တည်ခဲ့တယ်
တစ်ခုခုတော့ ရွေးချယ်ရတာပဲ
လမ်းချင်းမတူလည်း လူချင်းတွေ့ကြဖို့
တနင်္ဂနွေများ
တစ်ယောက်လေးနက်မှုကို
တစ်ယောက်ယုံကြည်ခဲ့ကြတော့
လောကဓံတရားဆိုတာလည်း
ပြိုင်ဘက်ကောင်းမဟုတ်တော့ဘူးပေါ့
သူငယ်ချင်း
ထွန်းကို
ပိတောက်ပွင့်သစ် အမှတ်(၅၃) ။ ၂၀၁၃ ။
Labels:
ရိပ်ခနဲတွေ
လက်တွေလည်း တုန်နေပြီ
ရိပ်ခနဲတွေ ။
ဆံပင်တွေလည်း ဖြူနေပြီ
ရိပ်ခနဲတွေ ။
မျက်တွင်းတွေလည်း ချိုင့်နေပြီ
ရိပ်ခနဲတွေ ။
နားထင်တွေလည်း ချိုင့်နေပြီ
ရိပ်ခနဲတွေ ။
အောက်မျက်ခုံးလှုပ်တယ်
ညာလက်မောင်းလှုပ်တယ်
အိမ်ကနေ ဘယ်မှ မခွာတော့ဘူး
ရိပ်ခနဲတွေ ။
သစ်ပင်လိုနေချင်တယ်
သစ်ရွက်လို မကြွေချင်လို့ရလား
ရိပ်ခနဲတွေ ။
ခင်ဇော်မြင့်
ပိတောက်ပွင့်သစ် အမှတ်(၅၃) ။ ၂၀၁၃
Labels:
အန်တီ ['The Lunch Box ရုပ်ရှင် ခံစားခြင်း]
အန်တီ !
အပေါ်ထပ်က 'အန်တီ'ကို လှမ်းတိုင်ပင်တာ
အကြံဥာဏ်တွေရ
ကြိုးနဲ့ချပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရ ။
အန်တီ !
ဇာတ်ကားပြီးဆုံးသွားတဲ့ အထိ
'အန်တီ'ကို တစ်ကြိမ်တစ်ခါမျှ
တစ်ကြိမ်တစ်ခါမှ ငါ မမြင်မတွေ့ရ
အန်တီ
အန်တီ   ။      ။
အောင်ချိမ့်
Labels:
၁၉၈၅ ခုနှစ်က နှင်းဆီ
(၁)
န​ယူးေ​ယာ​က်​ဆို​တဲ့ြ​မိြု့​ကီး​ရဲ့
၀၀​ဖီး​ဖီး​က​ဖီး ​ဆို​င်​ကေ​လး​တ​စ်​ဆို​င်​မှာ
ဒီကဗျာ​ဟာ ​မ​င်း​အ​တွ​က်​ပဲ ​ရ​ည်​စူြး​ပီးေ​ရး​လို​က်​ပါေ​ပ​ရဲ့
အေ​ရာ​င်​ရ​င့်​ရ​င့် ​အ​ပွ​င့်​ကား​ကား နှ​င်း​ဆီေ​ရ။
(၂)
မ​င်း​ရဲ့လျှာ
မ​င်း​ရဲ့​သွား
အဲ​ဒီ​အ​ရာနှ​စ်​ခြု​ကား​ကေ​န
ြ​ဖ​တ်​သ​န်း​တို​က်​ခ​တ်​လာ​တဲ့ေ​လ
ငါ​ဘ​ယ်​လို ​မေ့​ပ​စ်နို​င်​မှာလဲ
(၃)
ဒီ​က​ပဲ ​မှား​ယွ​င်း​ခဲ့​ပါ​တ​ယ်
(၄)
“​ဟ​စ်​တ​လာ”​ကို ​ငါ​တို့ မချ​စ်​ခဲ့​ဘူး
“​ရှိ​တ်​စ​ပီး​ယား”​ကို ​ငါ​တို့ ချ​စ်​ခဲ့​တ​ယ်
“​မူ​ဆို​လီ​နီ”​ကို ​ငါ​တို့ မချ​စ်​ခဲ့​ဘူး
“​မို​ဒီဂလျာ​နီ”​ကို ​ငါ​တို့ ချ​စ်​ခဲ့​တ​ယ်
“​စ​တာ​လ​င်”​ကို ​ငါ​တို့ မချ​စ်​ခဲ့​ဘူး
“​ယ​က်​ဖ်​တူ​ရှ​င်​ကာ”​ကို ​ငါ​တို့ ချ​စ်​ခဲ့​တ​ယ်။
(၅)
“​ကို​လံ​ဘ​တ်(​စ်)ေ​ရ
မ​စ္စ​တာ“​ကို​လံ​ဘ​တ်(​စ်)​ခ​င်ဗျား
မြ​မ​င်နို​င်​တဲ့ ​ကံ​တ​ရား​က
​ငါ့ ​သူ​မ​ကုိ “​အ​ေ​မ​ရိ​က”​မွာ ​ပ​စ္ခ်​ထား​ခဲ့​ေ​ပါ့။
(၆)
“​ပု​ဇွ​န်ေ​တာ​င်ေ​ရကျော်”​မှ​သ​ည်
“ြေ​မာ​က်​အေ​မ​ရိ​က”​ဆီ​သို့
ငါ့​ရှ​င်​မေ​တာ​င်း​သ​န​ပ်​ခါး​နံ့​ကေ​လး
ြ​ဖ​တ်ြေ​ပး​သွား​ပါ​ပေ​ကာ
(၇)
က​မ္ဘြာ​ကီး​ကို
မ​င်း ​အ​ယား​မြေ​ပနို​င်​ဘဲ ​ေ​န​ေ​လ​မ​လား။
​ေ​သြး​ဆူ​လြယ်​တဲ့
ေ​ကာ​င်ေ​လး​တ​စ်ေ​ယာ​က်​ရဲ့ ​ပုံ​ရိ​ပ်​ကို
အ​စိုး​ရရုံး​ပိ​တ်​ရ​က်ေ​တွ​မှာ
​မ​ေ​သ​ခင်
ြ​ပ​န်ေ​တွ့​ခြဲ့​က​ရ​င်
ဘ​ယ်​က ​ဘ​ယ်​လို နှု​တ်​ဆ​က်​ရ​မ​လဲ​ဟ​င်။
(၈)
တ​မာပ​င်ေ​အာ​က်​က
ဗျို​င်းေ​တာ​င်​ဆ​န်​တဲ့ ​ငါ့ဝိ​ညာဉ်ဟာ
“​အ​ပါချီ”​ရ​က်​အ​င်​ဒီး​ယ​န်းေ​တွ​ရဲ့ ​ဇာ​တိြေ​မ
မ​င်း​အြေ​ခ​စို​က်ေ​န​ထို​င်​ရာ ​အေ​နာ​က်​ဘ​က်ေ​ဒ​သ​ဆီ
ချီ​တ​က်​ခြဲ့​ပီေ​ပါ့  နှ​င်း​ဆီ  ။
မို​ဃ်းေ​ဇာ်
Labels:
08 July, 2015
ရှုခင်းကြည့်သူ
ငါ အဲဒီကိုရောက်တော့
ဘာမှ မရှိတော့ဘူး
ကြီးကြီးမားမား မရေရာမှုရဲ့
သင်္ကေတတမျှ
ကျောက်တုံးအကွယ်က
နှင်းတစ်ပေါက်ရေ
ခါတိုင်းလို
ဒီလို ဒီအချိန် ဒီအခါ
ငါ့မှာ ဝီရိယကြီးခဲ့
ငါ့မှာ စိတ်စောခဲ့
တစ်မိနစ် မိနစ်ဝက်စာမျှ
ငါ့အတွက်
အလွမ်းသဲ့သဲ့မျှချ၍ မချန်ခဲ့
အောင်ချိမ့်
Labels:
ရှိခြင်း
နေ့တွေ ညတွေ
မနည်းပါဘူး
နည်းတယ်ဆိုရင်တောင်
မနည်းပါဘူး
နည်းတာက
ကျွန်တော့်ဝန်ဆောင်နိုင်မှုဗျ
အောင်ချိမ့်
Labels:
ချိုချဉ်
လျှာဟာ ဇိမ်ခံပစ္စည်းဖြစ်တယ်
မေးခွန်းဆိုတာ
စားကောင်းသောက်ဖွယ် မဟုတ်မှန်း သိခဲ့ပြီး
အဲသလို ကိုယ့်ကိုယ်ကို ချစ်နေပုံကြီးက
သံသယဝင်စရာကောင်းလှချည်ရဲ့ဗျာတဲ့
မြက်ခင်းတွေ လှမ်းမြင်ရလောက်အောင်ရယ်တယ်
ဖြစ်နိုင်ရင်
မိုးရွာကြည့်လိုက်ပါလားလို့ မေးတော့
သွေးလေမမှန်တဲ့ တိမ်တွေကသာ လှကြရစမြဲတဲ့
ခေတ်ကြီးတစ်ခေတ်က
ခေတ်ကြီးတစ်ခေတ်ကို လှမ်းပြောနေသလိုမျိုး
သမီးရည်းစားနှစ်ယောက် ဝေးသွားကြတယ်
မြို့ကလေးတစ်မြို့ ထွန်းကားလာခဲ့တယ်
ကျွန်တော်က
သနပ်ခါးပင်ကလေးဆိုတော့
မရင့်ကျက်ရခဲ့ပါဘူး အချစ်ရယ်
ကြည်ဇော်အေး
Labels:
တစ်နှစ်စာ
စိတ်ဓာတ်က ဓာတ်လှေကားလို
တက်လိုက် ဆင်းလိုက်
တိုက်တစ်လုံးရဲ့ အပေါ်ဆုံးအလွှာမှာ
ပညာလိုလိုရှာတယ်
အောက်ဆုံးထပ်မှာ ဘဝကို ငေးသလိုလို
လက်ဖက်ရည်ဆိုင် ထိုင်တယ်
တရားရသလိုလို
သူရဲဘောကြောင်သလိုလို
ခေတ်ကနေ ရှောင်ခွာတယ်
သူရဲကောင်းလိုလို
လူမိုက်လိုလို
ခေတ်ကို ရင်ဆိုင်တယ်
မီးရောင်တွေ လင်းထိန်တဲ့ ခန်းမကြီးအလယ်
တစ်ယောက်တည်း ရပ်နေရသလိုလို
ပွဲခင်းထဲ အမေပျောက်ကလေးလို
မေတ္တာတရားရဲ့ အဝေးမှာ
မြို့ကြီးထဲ အထီးကျန်
ခေတ်ကြီးထဲ ယောင်ချာချာ
ညီမွန်
Labels:
အရင်းအနှီး
တောင်ကုန်းကို သိမ်းပိုက်ပြီးပြီ
တောင်ကုန်းထိပ်မှာ အလံထူးပြီးပြီ
တောင်ကုန်းကို ငါတို့ ရပြီ
အရင်းအနှီးက
တစ်ယောင်မကျန် ကျဆုံးပြီးပြီ
သုခမိန်လှိုင်
Labels:
လူငယ်လေးတစ်ဦး
မျက်နှာပေါ်
ကျူးကျော်ဝင်ရောက်လာတဲ့ နေရောင်မှာ
တွေဝေလို့
ကျွန်တော်ဟာ ဘယ်လိုကစားနည်းမျိုးမှာ
ပါဝင် ပျော်ရွှင်ရမယ်မသိတော့
နေ့စဉ်အိပ်ရာထ နောက်ကျဆဲပဲ
ဝမ်းမီးအားကောင်းစရာ လောင်စာတွေ ကုန်ခမ်းလို့
ကျွန်တော့်အသက်ဇီဝဟာ
ညစဉ်ဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ
ဘယ်ညာ လူးလိမ့်နေဆဲပဲ
မြို့နာမည်နဲ့ စီးကရက်တွေဟာ
မြို့ကို လောင်ကျွမ်းလို့
ကျွန်တော်ဟာ မြို့သူမြို့သားလို ပြာကျနေဆဲပဲ
အမှန်တရားနဲ့ ကျွန်တော်ဟာ ချစ်တိုင်းမညားခဲ့
ကျွန်တေိာ့အသားထဲက လောက်ထွက်နေဆဲပဲ
ကျွန်တော့်ဘဝသံသရာဟာ
ကျွန်တော့်လက်ပတ်နာရီမှာ နောက်ကျနေခဲ့
နောက်ကျပြီး ရောက်လာသူ လူသစ်စိတ်သစ်မှာ
ကျွန်တော် တစ်ယောက်တည်ူ သောင်တင်နေဆဲပဲ
နေပျော်ပျော် သေပျော်ပျော် အမှတ်တံဆိပ်ဟာ
ကျွန်တော်ဝတ်ချင်တဲ့ အကျီ င်္မဟုတ်
နေ့စဉ်အပတ်တကုတ်ကြိုးစားငြင်းဆန်နေဆဲပဲ
ကြည်ဇော်အေး
Labels:
သစ်တောက်ငှက်
အသံထက်မြန်တဲ့ ရထား
ခဏပြတင်းပေါက်ဖွင့်ကြည့်လို့ရမလား
လင်းလွန်းအားကြီးတဲ့ ဘဝများ
မှောင်လွန်အားကြီးတဲ့ ဘဝများ
ရေကို မျှော်မြင်သော်လည်း မရ
မြေကို မျှော်မြင်သော်လည် မရ
မြင်မြင်သမျှတို့ လျှပ်တစ်ပြက်
ကံကြမ္မာကို ရွှေလိုကျင်သူရဲ့ မသေချာခြင်းများ
အခြားသော အရာများ
အရိပ်က
သစ်ပင်ကို ထိုးဆိတ်စမြဲ
ဘာမှ မရရင်လဲ
ဖြစ်သမျှလဲ ။
ခင်ဇော်မြင့်
Labels:
စီးကရက်သောက်ခြင်း အနုပညာ
ရှ​င် ကျွ​န်​မ​ကို ​တ​စ်​လိ​ပ်ြ​ပီး​တ​စ်​လိ​ပ်ေ​သာ​က်​ပ​စ်​တ​ယ်
ရှ​င် ကျွ​န်​မ​ကို ​တ​စ်ေ​နြ့​ပီး​တ​စ်ေ​န့ေ​သာ​က်​ပ​စ်​တ​ယ်
ကျွ​န်​မ ​ဘ​ဝ​ကို ​ပ​ထ​မ​ဆုံးေ​လာ​င်ကျွ​မ်းေ​စ​ခဲ့​တာ ရှ​င်
ြ​က​မ်းေ​ပါ်​လွှ​င့်​ပ​စ်ြ​ပီးြေ​ခေ​ထာ​က်​နဲ့ ​န​င်းြေ​ခ​ခဲ့​ခံ​ရ ​အြ​ကိ​မ်ြ​ကိ​မ်
ဒါေ​ပ​မ​ယ့် ကျွ​န်​မ​ဘ​ဝ​ကို ကျွ​န်​မ ကျေ​န​ပ်​မိ​ပါ​တ​ယ်။
​မီး​ခိုး​ေငွ့​ကွ​င်း​ေ​လး​ေ​တြ​အျ​ဖစ် ​လှ​လှ​ပ​ပ
စိ​တ်​လို​လ​က်​ရ ရှ​င်​မှု​တ်​ထု​တ်ေ​န​တ​တ်​တဲ့
ဟိုး​အ​ရ​င်အချိ​န်ေ​တွ​ကိုြ​ပ​န်ေ​တွး​မိ​ရ​င်ေ​ပါ့။
ြ​မ​င့်​မိုးေ​အာ​င်
Labels:
ဘူတာရုံ
သံ​လ​မ်း​ေ​ပၚ​မွာ
​ရ​ထား​ေ​အာ္​ေ​နၿ​ပီ။
အ​မှ​တ်​တ​ရ​ကိ​တ်​မု​န့်
​ေ​ပါ​ေ​ပါ​ေ​လာ​ေ​လာ​လိ​ပ္​စာ
မ်က်နှာ​ေ​ပၚ​ေ​ပ​ေ​န​တဲ့ ​တံ​ေ​တြးမ်ား
ကျွ​န်ေ​တာ့်​ကို ​သ​က်ြ​ပ​င်းချ​လို့
ခ​င်ဗျား​လ​ည်းေ​နာ​က်ကျော​မှာ
ဥသြသံ​တ​န်း​လ​န်း​နဲ့
မို​ဃ်းေ​ဇာ်
Labels:
နှစ်တစ်နှစ်၏ နာမည်
ချ​စ်​သူများနှ​စ်
ခ​ရီး​သွားနှ​စ်
မိ​ခ​င်များနှ​စ်
က​မ္ဘာြေ​မ​စိ​မ်း​လ​န်းေ​ရးနှ​စ်
သ​တ်​မှ​တ်နို​င်​ပါ​တ​ယ်။
၂၀၁၀​ကိုပျော်ေ​အာ​င်​ထား​မ​ယ့် နှ​စ်
(​ကျွ​န်ေ​တာ်) ​သ​တ်​မှ​တ်​ပါ​တ​ယ်။
စိ​န်​တ​စ်​ဆ​င်​စာ၊ြ​မ​တ​စ်​ဆ​င်​စာ​မ​ပါ
ကဲ….. ပျော်​မှာ​လား ? ​မပျော်​ဘူး​လား ?
သု​ခ​မိ​န်​လှို​င်
30 DEC 2009
Labels:
ဂျက်ကပြောတယ်
ဂျ​က်​ကြေ​ပာ​တ​ယ်
သူ မချ​စ်ေ​တာ့​ဘူး​တဲ့
ဂျ​က်​ကြေ​ပာ​တ​ယ်
က​မ္ဘာ​မှာ ​မိ​န်း​မေ​တွ​မ​ရှိ​ရ​င်
မြ​ဖ​စ်​ဘူး​ဆို​ပဲ
ဒါေ​ပ​မ​ယ့် ​မိ​န်း​မ​တ​စ်ေ​ယာ​က်​ကို ​သ​င်ချ​စ်​မ​ယ်​ဆို​ရ​င်
သ​င်​တု​န်း​ဓား​ကို ​တ​စ်ြ​ကိ​မ်​န​မ်း​သ​င့်​သ​တဲ့
ဂျ​က်​ကြေ​ပာ​တ​ယ်
ချ​စ်ြ​ခ​င်းေ​မ​တ္တာ၊ ​သူ​ရ​သ​တ္တိ​နဲ့ ​အ​ရို​င်း​စိ​တ်​ကို
ခ​င်းကျ​င်ြး​ပ​သ​ဖို့ ​အေ​ကာ​င်း​ဆုံး​စား​ပွဲ​ဟာ ​မိ​န်း​မေ​တွ​ပဲ​တဲ့
ဂျ​က်​ကြေ​ပာ​တ​ယ်
အဲ​ဒီ ​စား​ပွဲေ​ပါ်​မှာ ​အနှ​စ် ၄၀ ​လုံး​လုံးြ​ကာေ​အာ​င်
ငါြေ​ပးေ​န​ခဲ့​ဖူး​တာေ​ပါ့ ​ကွာ
ဂျ​က်​ကြေ​ပာ​တ​ယ်
ြ​က​ယ်​စြုံ​မူး​တဲ့ ​ည​မှာ
သို့​ပါေ​သာ်ြ​ငား
ြ​ပ​န်​မ​ထွ​က်​တ​တ်ြ​ကေ​တာ့​ဘူး​တဲ့
ဂျ​က်​ကြေ​ပာ​တ​ယ်
မိ​န်း​မ​တ​စ်ေ​ယာ​က်​အ​တွ​က်
ဒို​င်​ဗ​င်​အြ​ကိ​မ်ြ​ကိ​မ် ​ထိုး​ခဲ့​တ​ယ်
ဦးေ​ခါ​င်း​မှာ ချု​ပ်​ရိုးေ​တွချ​ည်း​ပဲ
ဂျ​က်​ကြေ​ပာ​တ​ယ်
သိ​ပ်​စိ​တ်​ည​စ်​တာ​ပဲ
အချ​စ်​ကို ​သ​က်​ေ​သျ​ပ​ဖို႔ ​ေ​ငြ​ေၾ​ကး​မ​လံု​ေ​လာက်​ဘူး​တဲ့
ဒါြေ​ကာ​င့်
ကျော​က်​တုံြး​ကီး​ေ​တြ​ကုိ ​ခ​ဏ​ခ​ဏ ​မျ​ပ​ေ​န​ရ​သတဲ့
ဂျ​က်​ကြေ​ပာ​တ​ယ်
မိ​န်း​မေ​တွ​ဟာ ​ဘ​ယ်ေ​တာ့​မှ ​မ​မှား​ဘူး​တဲ့
ငါ ​တို့ ​က ​သူ​တို့ ​ကို ချ​စ်​မိ​မှာ​သာ
အ​မှား​အ​ယွ​င်းေ​တွ ​စ​တ​င်ေ​တာ့​တာ​တဲ့
ဒါြေ​ကာ​င့် ဂျ​က်​ကြေ​ပာ​တ​ယ်
မိ​န်း​မေ​တွ​နဲ့ မျ​က်​လုံးချ​င်း​ဆုံးေ​အာ​င် ​မြ​က​ည့်​နဲ့​တဲ့
ဂျ​က်​ကြေ​ပာ​တ​ယ်
မိ​န်း​မ​တ​စ်ေ​ယာ​က်​ကို ချ​စ်​ရ​တာ​ဟာ
ြ​ဂို​ဟ်​က​မ္ဘာ​တ​စ်​ခု​က ​ပိုး​မွှား​အ​သ​စ်​အ​ဆ​န်းေ​တွ
ထ​ည့်​ထား​တဲ့ ​ဖ​န်း​ဘူး​နဲ့
တ​စ်​ခ​န်း​တ​ည်း ​အ​တူေ​န​ရ​သ​လို​ပဲ​တဲ့
ဂျ​က်​ကြေ​ပာ​တ​ယ်
သူ​ဟာ ​တ​စ်ေ​န့​တ​ည်း နှ​စ်​ခါ
အ​သ​က်​ရှ​င်ေ​နနို​င် ​သ​တဲ့
တ​စ်ြ​ကိ​မ်​က ​မိ​န်း​မ​တ​စ်ေ​ယာ​က်​ကို ချ​စ်ြ​မ​တ်နိုး​ဖို့
တ​စ်ြ​ကိ​မ်​က ​က​မ္ဘာြေ​မြ​ကီး​ကို ချ​စ်​ခ​င်​ဖို့​တဲ့
ဂျ​က်​ကြေ​ပာ​တ​ယ်
မချ​စ်ေ​တာ့​ဘူး​တဲ့
အဲ​ဒီေ​န့​က ​သူ ​အိ​မ်​ကြို​ပ​န်​မ​အိ​ပ်​ဘူး
ဂျ​က်​ကြေ​ပာ​တ​ယ်
ဂျ​က်​က ​ခ​ဏ​ခ​ဏြေ​ပာ​တ​ယ်
ဂျ​က်​ကေ​တွ့​တဲ့​သူ​တို​င်း​ကိုြေ​ပာ​တ​ယ်
ဂျ​က်​က ​မ​ရ​ပ်​မ​နားြေ​ပာ​တ​ယ်
မချ​စ်ေ​တာ့​ဘူး​တဲ့
အဲ​ဒီေ​န့​က ​သူချာချာ​လ​ည်ေ​အာ​င်​မူး​တ​ယ်
ဂျ​က်​ဆို​တဲ့ ​လူ​တ​စ်ေ​ယာ​က် ​ရှိ​ခဲ့​ဖူး​တ​ယ်
သူ​ဘ​ယ်​သူ​လဲ ​သိ​ပါ​ရဲ့ ​လား ​အေ​ဆွ​ငဲ့
လ​မ်း​ထိ​ပ်​မှာ ​အ​မူး​လွ​န်ြ​ပီး ​အိ​ပ်ပျော်ေ​န​တ​တ်​ရဲ့
အ​ရ​က်​သ​မား​အ​ဘိုြး​ကီး​ကွဲ့  ။
နေမျိုး
Labels:
ဖန်ခွက်အလွတ်
မ​င်း​ရှေ့​မှာ ချ​ထား​တဲ့
ဖ​န်​ခွ​က်​အ​လွ​တ်​ထဲ​ကို
ဘာ​တ​စ်​ခု​မှ ​မ​ထ​ည့်​လို​က်​ပါ​နဲ့
ဘာ​တ​စ်​ခု​မှ
​ေ​ရ​ခဲ​ေ​သ​တၲာ​တံ​ခါး​ကုိ ​ပိတ်​လိုက်ပါ
သူ​တို့​က ချြို​မိ​န်​တ​ယ်​လို့ြေ​ပာေ​ပ​မဲ့
​ငါ​မ​ေ​သာ​က္ခ်င်​ဘူး
မ​င်း​ရှေ့​မှာ ချ​ထား​တဲ့
ဖ​န်​ခွ​က်​အ​လွ​တ်​ထဲ​ကို
ဘာ​တ​စ်​ခု​မှ ​မ​ထ​ည့်​လို​က်​ပါ​နဲ့
ဘာ​တ​စ်​ခု​မှ
စား​ပွဲေ​ပါ်​က ၀ို​င်​ပု​လ​င်းေ​တွ
ြ​ပ​န်ြ​ပီး​သိ​မ်း​ထား​လို​က်​ပါေ​တာ့
အိ​ပ်​မ​က်​တ​စ်​ခု​ထ​က်ေ​တာ​င်
ယ​စ်​မူး​စ​ရာေ​ကာ​င်း​တ​ယ်​ဆိုေ​ပ​မဲ့
ငါ​တို့နှ​စ်ေ​ယာ​က် ​အ​တွ​က်ေ​တာ့
ဒါေ​တွ​ကို​လ​ည်း ​မ​လို​အ​ပ်​ပါ​ဘူး
မ​င်း​ရှေ့​မှာ ချ​ထား​တဲ့
ဖ​န်​ခွ​က်​အ​လွ​တ်​ခွ​က်​ထဲ​ကို
ဘာ​တ​စ်​ခု​မှ ​မ​ထ​ည့်​လို​က်​ပါ​နဲ့
ဘာ​တ​စ်​ခု​မှ
တ​စ်​စုံ​တ​စ်​ခု​နဲ့ ​အြ​မဲ​တ​မ်ြး​ပ​ည့်ဝ​လို့
ေ​မာ့ေ​သာ​က်​လို​က်ြ​က​တဲ့​အ​ခါ
က​မ္ဘာ​တ​စ်​ခု​လုံးေ​လာ​က်​ပို​င်​ဆို​င်​သွာြး​က​တ​ယ်
ချ​စ်ြ​ခ​င်းေ​မ​တ္တာ​က​လွဲ​လို့ေ​ပါ့
မ​င်း​ရှေ့​မှာ ချ​ထား​တဲ့
ဖ​န်​ခွ​က်​အ​လွ​တ်​ထဲ​ကို
ဘာ​တ​စ်​ခု​မှ ​မ​ထ​ည့်​လို​က်​ပါ​နဲ့
ဘာ​တ​စ်​ခု​မှ
ငါ​တို့ေ​သာ​က်​လို​က်ြ​က​မ​ယ်
ဖ​န်​ခွ​က်​အ​လွ​တ်ေ​တွ​ကိုြ​ပို​င်​တူေ​မာ့​လို့
ငါ​တို့ေ​သာ​က်​လို​က်ြ​က​မ​ယ်
ငါ​တို့ နှ​စ်ေ​ယာ​က်​စ​လုံး
ဖ​န်​ခွ​က်​အ​လွ​တ်ေ​တွ​လို
ြ​က​ည်​လ​င်​သ​န့်​စ​င်​သွား​တဲ့​အ​ထိေ​ပါ့။
ြ​မ​င့်​မိုးေ​အာ​င်
Labels:
ရာဇဝင်
​အ​ေ​ဖ​က ​ေ​ဒါ​သၾ​ကီး​တယ်။ ရို​က်​မ​ယ်​တ​ကဲ​ကဲ။  ​ထ​စ်​က​နဲ​ဆို ​မိုြး​ကိုး​သွား။
ညီေ​လး​ဆိုြေ​ကာ​က်​လွ​န်း​လို့ ​တ​စ်​ခါ​က  ​သ​စ်​ပ​င်ေ​ပါ်​တ​က်ြေ​ပး​တာ
ခု​ထြိ​ပ​န်​ဆ​င်း​မ​လာေ​တာ့​ဘူး။ ​အဲ​ဒီ​အ​ပ​င်​ကို  ​အေ​ဖ​ခု​တ်​လှဲ​ပ​စ်​လို​က်​တ​ယ်။
အ​မေ့​တ​စ်​ကို​ယ်​လုံး​ဟာ ​ဒု​က္ခ​သ​ည်​စ​ခ​န်း​ပဲ။
အဲ​ဒီ​မှာေ​မာ​င်နှ​မေ​တွြ​ကီြး​ပ​င်း​လာ​ခဲ့​တာ​ဆ​န်ြး​က​ယ်။
ြ​ပီး . . . ​အေ​ဖ​ဘ​ယ်​လဲ​မ​သိ​ဘူး​ထွ​က်​သွား​တ​ယ်။  ​ဘာ​သ​တ​င်း​မှ​မြ​ကား​ရ။
အ​ခုေ​မာ​င်နှ​မေ​တွ ​မိ​သား​စု​ကို​ယ်​စီ​နဲ့။
ဘ​ယ်​သူ့​က​ေ​လး​ထဲ​ အ​ေ​ဖျ​ပန်​လာ​မ​လဲ။ မျက်​ရိ​ပ်မျ​က်ြ​ခ​ည်​တ​စ်ြ​က​ည့်ြ​က​ည့်။
 14 – May –  12
Labels:
ပြင်သစ်ရုပ်ရှင်
ဇာတ်လမ်းကတော့ အဲဒါပါပဲ
ထရစ်ကာကို ဆွဲညှစ်၊ ခြောက်ချက်တိတိ
အဲဒီငနဲရဲ့ ဦးနှောက်ထဲ ဖိပြီး
ပစ်ချလိုက်တယ်
နောက်တော့ ငနဲ၊ မီးသွေးပုံထဲမှာ, ဖလက်
နောက်ဆို သူ ဘယ်တော့မှ
ချွဲငန်းဝါးတဲ့ ဘောလုံးနည်းပြ
ဖြစ်တည်မှုပဓာနဝါဒကို အာကျပြီး ဘာမှ ဖြစ်မလာသူ
စတန်းဖို့ဒ်တံတားပေါ်က ကလပ်ပိုင်ရှင်သူဌေး
မိုးလေဝသ သတင်းကြေညာသူ
ကြက်ဥအလုံးငါးဆယ်တိတိ ခွဲပြတဲ့ ပါဖောမင်စ့်သမား
အားကစာဂျာနယ်တစ်မျိုးတည်း စောင့်ဖတ်သူ
ညနေခင်း အကောင်းမြင်သမား
စကော့ဝီစကီသောက်ပြီး လူမှု့ရေးညံ့ဖျင်းသူ
သူ……နောက်ဆို
ဘယ်တော့မှ ဖြစ်လာမှာ
မဟုတ်တော့ဘူး
ဇာတ်လမ်းကတော့ ဒါပါပဲ   ။
သော်ဒီဝေ
ဟန်သစ် ။ ဒီဇင်ဘာ ။ ၂၀၀၃
Labels:
ပိတောက်သီချင်း
ငါ နှာခေါင်းသွေးလျှံပုံက
နွေဦးပေါက် စိန်ပန်းနီနီများ
မင်း အသည်ကွဲပုံက
တန်ခူးလရဲ့ ငုပန်းဝါဝါများ
သင်္ကြန်ကျပါပြီ   ။
သုခမိန်လှိုင်
၂၀၀၉ ။ မေ ။ ရနံ့သစ်
Labels:
07 July, 2015
မှော်ရုံ
သောကြာကြယ်ခူးဖို့လည်း
အစီအစဉ်မရှိ
မီးသတ်ကားမလာခင်မှာပဲ
သင်္ချာအားလုံး အဆုံးသတ်လို့
စားပွဲတင်ပန်းအိုးမှာ မြုပ်ထားတဲ့ စိန်
မကြာခင်တော့ ပန်းပွင့် ဖြစ်တယ်
ပြောကြ
လူနဲ့တူတဲ့ တစ်ယောက်အတွက်
စက်လှေကားမှာ
နောက်ပြန်ဆင်းသွားခဲ့သလား
ကတ္တီပါစကို
ဘရိတ်ဒါးနဲ့ ခြစ်ခဲ့
အခုတော့
လာမယ့် သီချင်းထဲမှာလည်း
ဘာမှ ရှိခဲ့မယ် မဟုတ်ပါဘူး
စံညိမ်းဦး
Fashion Image ။ဂျူလိုင်။ ၂၀၀၂
Labels:
06 July, 2015
အဆုံးစီရင်ခြင်း
သိုးအုပ်ဟာ
မြက်ခင်းပေါ်မှာ လှုပ်ရှားသွားလာနေကြရဲ့
ရှားရှားပါးပါး
တခါတရံမှသာ ဖြစ်ပေါ်တက်တဲ့
စိတ်ကူးထင်မြင်ချက် ကျောက်ရိုင်းငယ်တတုံး။
အဲဒီနောက်တော့
ခွေးတကောင်ဟာ  ရေနဲ့တူတဲ့အရာတခုကို
ကွင်းပြင်ထဲမှာ ဝင်တိုက်မိ
သိုးအုပ်ဟာ
သဲသဲလှုပ် ပျာယာခတ်သွားကြရဲ့
သူတို့ကြားမှာ ခွေးဟာ
ငါးမိနစ်လောက် ငိုကြွေးမျက်ရည်ကျသေးရဲ့
အဲဒီနောက်တော့
သူဟာ တဖြေးဖြေးကျုံ့ပြီး သေးငယ်သွားပေါ့
လေပြင်းတခုမွှေ့ယမ်းသလို
ဒီရေတလုံးဖုံးလွှမ်းသလို
ကျောက်စကျောက်နတွေနဲ့ ဝေးကွာတဲ့ ခရီးရှည်ထဲကို ။
မင်းထက်မောင်
The Kill - Donald Hall
Labels: ,
ဘဝမြင့်ရတာ အရသာ
အစွဲအလမ်းက သမိုင်းဦးကျောက်သား
ကျွတ်တန်းဝင်ဖို့လည်း အလိုမရှိ
လေထဲမှာ ပျံတဲ့ငါးကို
ရေငုပ်ပြီးတော့လည်း မဖမ်းလို
ဘုရားရှိခိုးရမလား
လက်ဆွဲနှုတ်ဆက်ရမလား
တစ်ယောက်ယောက်ကို ဆွဲထိုးပစ်လိုက်ရမလား
ငါ့လက်က ငါ့ အဘိဓမ္မာ
ကျင်လည်ခဲ့ရာ
ရှင်သန်ခြင်းရဲ့ အကျအပေါက်များ
ဘယ်အရာမှ မထူးဆန်းတော့
ဘာကိုမှ မတုန်လှုပ်တော့ဘူး
အလွယ်မလိုက်ဘူး
အလိုမလိုက်ဘူး
ကိုယ်ထက်ပိုပြီး ဘယ်သူမှ မကြိုက်ဘူး
ပေါ့ပေါ့ပါးပါးနေဖို့ကို
လေးလေးနက်နက် တွေးခေါ်ခဲ့ရပါတယ်
ငါဟာ ဘာမဆို ပေးဆပ်ခဲ့ရတော့
အခု ငါ လုပ်သမျှ တရားတယ်။
ခက်သီ
Labels:
အလျား
တော်လှန်ရေးကြီးဟာ
မင်း အိပ်ယာထတဲ့ အချိန်ကို စောင့်နေမှာ မဟုတ်ဘူး
လေတဟူးဟူး နွေဦးနေ့များမှာ မျက်နှာကို အဝတ်စည်းလို့
ခုန်နေတဲ့ နှလုံးကို
ဓားနဲ့ ထောက်လို့
လမ်းကို
လွမ်းလို့   ။           ။
ကြည်ဇော်အေး
Labels:
ရာစုနှစ်တခုလုံးကို ကျောခိုင်း၍
သက်ပြင်းမှုတ်သံ
ကားအိတ်ဇောပိုက် တဟူးဟူး
နိုင်ငံတကာညီလာခံတစ်ခုမှာ လွှင့်တင်ထားတဲ့ အလံများ
ရင်ခုန်သံတို့ ရောင်စုံတဖျတ်ဖျတ်
နေ့စဉ်နေ့ဆက် ကြိုဆိုပါရစေ
အသားအရည် ဝင်းပသူ
မျက်လုံးဝိုင်းဝိုင်းစက်
ပန်းနုရောင်ကို နှစ်သက်သူ
အလိုရှိတဲ့ အခါ လှဲကျင်းဖို့
ဗန်ဒါရွက်များ ကျကြွေနေကြတယ်
အလိုရှိတဲ့အခါ ပြုပြင်ဖို့
လမ်းများ ဖုထစ်နေကြတယ်
အလိုရှိတဲ့အခါ တောက်ပဖို့
အချစ်တို့ ခြောက်သွေ့နေကြတယ်
မိုးဝေး
Labels:
အသက်ထက်ဆုံး
က​မ္ဘာကြီးကို ဘယ်လိုရင်ဆိုငါရမှန်းလည်း မသိရော
ကဗျာလည်း ဘယ်လိုဆက်ရေးရမှန်းမသိ
ဖြစ်သွားရော
just a moment
ကဗျာအသစ်တွေဟာ စာလုံးတွေပေါင်းတုန်း
ဘာသာစကားအသစ်တွေရှာတုန်း
အသံအသစ်တွေရတုန်း
(အသက်ထက်ဆုံး ချစ်မယ့် )
ချစ်သူအသစ်တွေ စောင့်တုန်း
သုခမိန်လှိုင်
Labels:
နီနီ
နှုတ်ခမ်းနီနီများ
စိန်ပန်းနီနီများ
သွေးနီနီများ
ရယ်သံနီနီများ
မတူဘူးလား
အားလုံး မင်းကို ပေးချင်တယ်
သုခမိန်လှိုင်
Labels:
ဝိုင်သောက်ခြင်း
ငါ့စိတ်ကို ငါဆုံးမကြည့်တယ်
ဆုံးမလို့ ရတယ်
အဲဒီနေ့
ငါ ဝမ်းသာလို့ မဆုံး
ငါတို့ဟာ ခြေတစ်လှမ်းချင်း ခြေတစ်လှမ်းချင်း
ပြဿနာရှိနိုင်တယ်
ပြဿနာရှိခဲ့တယ်
ငါတို့ဟာ လေးလံခဲ့တယ်
ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ်
အလေးမတဲ့ ဗလမောင်လို့
ယူဆခဲ့တာ
မဟုတ်လား
'ဒီလို ပျော်စရာ မေးခွန်းလေးကို
မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်'
ကျွန်တော်ဟာ တစ်ယောက်နဲ့ တစ်ယောက် ဝိုင်အနီသောက်လျက်
စကားပြောချင်ပါတယ်
အောင်ချိမ့်
Labels:
ချစ်တဲ့ လာနာ
သောင်းခြောက်ထောင်ဆိုတာ
တစ်ခဏတာ ရေတွက်လိုက်ရငါ ရပါတယ်
ဒါပေမယ့် ပြဿနာကတော့
တစ်ဘဝလုံး ရေတွက်လို့ မရနိုင်တာမျိုး
ငါ့မှာ ချစ်ခြင်းမေတ္တာ တည်ရှိခဲ့သောအခါ  ။
ဆစ်ခ်
၂.၇.၂၀၁၅
Labels: ,
ချစ်တဲ့ လာနာ
အချစ်ဟာ ကြေကွဲစရာကြီးပေါ့
လမ်းမတူပဲ
လူချင်း တွေ့ခဲ့ကြတဲ့ အခါ
ဆစ်ခ်
၂.၇.၂၀၁၅
Labels:
ဖြတ်စများ
မင်း နားမလည်တဲ့ နေရောင်ခြည်က ငါ့ခေါင်းကိုနင်းတယ်
ပြီးတော့ ထခုန်တယ်
ပညာရှိများလူလားမြောက်တယ် နည်းစနစ်များနောက်ယောင်ခံတယ်
မီးအတုလောင်တယ်
အောင်မြင်မှုက နိုင်ငံခြားစီးကရက်လို အနံ့ပြင်းတယ်
လေထုက အရပ်ပုတယ် ရာသီဥတုကဒေါင်းယောင်ဆောင်တယ်
အတွေးအခေါ်မှာ အပေါက်တွေနဲ့ ပိလို့
ရန်ကုန်မြို့ထဲ လမ်းလျှောက်ထွက်မိ
တသွင်သွင်စီးဆင်းနေသောနေ့များပေါ်၌
မော်တော်ကားတို့ တရွေ့ရွေ့
ကျော်ဇောခိုင်
Labels:
04 July, 2015
မင်းကြောင့်
အရာရာဟာ မင်းပဲ
အထူးသဖြင့် တို့ရဲ့ ကလေးတွေပေါ့
ကျေးဇူးပြုပြီး အိမ်ငှားခလေး ပေးလိုက်နော် ။
မောင်ဒေး
Because of You By Bob Holman
Labels:
အဓိကကျတဲ့အကြောင်းအရင်း
ငါ မင်းကို ချစ်နေမိပြီ
အိပ်ရာထဲမှာ မင်ရဲ့ ခြေထောက်တွေကို ငါ ပွတ်သပ်ချင်တယ်
ကျေးဇူးပြုပြီး အိပ်ရာတွေကို တီထွင်ပေးကြပါ  ။
မောင်ဒေး
Principal Reason By Bob Holman
Labels:
အချစ်ကဗျာများ
ကဗျာတွေကို ငါ ချစ်တယ် ။
မောင်ဒေး
Love Poems by Bob Holman
Labels:
03 July, 2015
ခြောက်လှန့်ည
လူတိုင်း အချစ်ကို တွေ့တယ်
မင်းက လွဲလို့
မောင်ဒေး
Night Fears by Bob Holman
Labels:
01 July, 2015
ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်
စိတ်ဓာတ်ကို တိပ်ကပ်ထားရတော့လည်း
ဆေးရုံမှာ သွေးကုန်နေတော့ လည်း
ကဗျာရေးတာကလွဲပြီး ဘာအလုပ်မှ မလုပ်တဲ့ အတွက်
လျော်ကြေးအနေနဲ့ကဗျာရေးနေတယ်
ဒီလို ဘိုဟီးမီးယမ်းတစ်ယောက်က ပြောခဲ့တယ်
ငါလည်း ဘိုဟီးမီးယမ်းပဲ
ကမ္ဘာကို ကဗျာနဲ့ ပြောလို့ မရရင် ဘာနဲ့ ပြောမလဲ
ကဗျာဟာ ကမ္ဘာမှာ
ပေါင်မုန့်ကို ထုပ်ထားတဲ့ သတင်းစာရွက်တစ်ရွက်
ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့်အတွက် ဝယ်ယူထားရတဲ့ သေနတ်တလက်
ကြည်ဇော်အေး
Labels:
ပန်းသီးစား
ချစ်သူလည်း ပန်းသီးကြိုက်တယ်
ကျွန်တော်လည်း ပန်းသီးကြိုက်တယ်
DREATH NOTE ရုပ်ရှင်ထဲမှာ
သေမင်းကလည်း ပန်းသီးကြိုက်တယ်
မေရီအင်တွိုင်းနက် ပြီးတော့ ကျွန်တော်
လူအများကို ပြောချင်တာက
ကိတ်မုန့်မရှိ ပန်းသီးစား
သုခမိန်လှိုင်
အညွှန်း - ပန်းသီးများ
Labels:
စခန်းသာ
ဘာစားမလဲ
ဘာသောက်မလဲခင်ဗျာ
အအေးလား အပူလား   ။
ဟုတ်ကဲ့ဗျာ
ဆဟာရ သဲကန္တရတစ်ပွဲ
ဝင်ရိုးစွန်း အအေးတစ်ခွက်ပေးပါ ။
ထွန်းဝေမြင့်
Labels: