အဆုံးစီရင်ခြင်း
သိုးအုပ်ဟာ
မြက်ခင်းပေါ်မှာ လှုပ်ရှားသွားလာနေကြရဲ့
ရှားရှားပါးပါး
တခါတရံမှသာ ဖြစ်ပေါ်တက်တဲ့
စိတ်ကူးထင်မြင်ချက် ကျောက်ရိုင်းငယ်တတုံး။
အဲဒီနောက်တော့
ခွေးတကောင်ဟာ ရေနဲ့တူတဲ့အရာတခုကို
ကွင်းပြင်ထဲမှာ ဝင်တိုက်မိ
သိုးအုပ်ဟာ
သဲသဲလှုပ် ပျာယာခတ်သွားကြရဲ့
သူတို့ကြားမှာ ခွေးဟာ
ငါးမိနစ်လောက် ငိုကြွေးမျက်ရည်ကျသေးရဲ့
အဲဒီနောက်တော့
သူဟာ တဖြေးဖြေးကျုံ့ပြီး သေးငယ်သွားပေါ့
လေပြင်းတခုမွှေ့ယမ်းသလို
ဒီရေတလုံးဖုံးလွှမ်းသလို
ကျောက်စကျောက်နတွေနဲ့ ဝေးကွာတဲ့ ခရီးရှည်ထဲကို ။
မင်းထက်မောင်
The Kill - Donald Hall
Labels: Donald Hall, မင်းထက်မောင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home