06 July, 2015

ရာစုနှစ်တခုလုံးကို ကျောခိုင်း၍


သက်ပြင်းမှုတ်သံ
ကားအိတ်ဇောပိုက် တဟူးဟူး

နိုင်ငံတကာညီလာခံတစ်ခုမှာ လွှင့်တင်ထားတဲ့ အလံများ
ရင်ခုန်သံတို့ ရောင်စုံတဖျတ်ဖျတ်

နေ့စဉ်နေ့ဆက် ကြိုဆိုပါရစေ
အသားအရည် ဝင်းပသူ
မျက်လုံးဝိုင်းဝိုင်းစက်
ပန်းနုရောင်ကို နှစ်သက်သူ

အလိုရှိတဲ့ အခါ လှဲကျင်းဖို့
ဗန်ဒါရွက်များ ကျကြွေနေကြတယ်

အလိုရှိတဲ့အခါ ပြုပြင်ဖို့
လမ်းများ ဖုထစ်နေကြတယ်

အလိုရှိတဲ့အခါ တောက်ပဖို့
အချစ်တို့ ခြောက်သွေ့နေကြတယ်


မိုးဝေး

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home