ဖြတ်စများ
မင်း နားမလည်တဲ့ နေရောင်ခြည်က ငါ့ခေါင်းကိုနင်းတယ်
ပြီးတော့ ထခုန်တယ်
ပညာရှိများလူလားမြောက်တယ် နည်းစနစ်များနောက်ယောင်ခံတယ်
မီးအတုလောင်တယ်
အောင်မြင်မှုက နိုင်ငံခြားစီးကရက်လို အနံ့ပြင်းတယ်
လေထုက အရပ်ပုတယ် ရာသီဥတုကဒေါင်းယောင်ဆောင်တယ်
အတွေးအခေါ်မှာ အပေါက်တွေနဲ့ ပိလို့
ရန်ကုန်မြို့ထဲ လမ်းလျှောက်ထွက်မိ
တသွင်သွင်စီးဆင်းနေသောနေ့များပေါ်၌
မော်တော်ကားတို့ တရွေ့ရွေ့
ကျော်ဇောခိုင်
Labels: ကျော်ဇောခိုင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home