ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ်
စိတ်ဓာတ်ကို တိပ်ကပ်ထားရတော့လည်း
ဆေးရုံမှာ သွေးကုန်နေတော့ လည်း
ကဗျာရေးတာကလွဲပြီး ဘာအလုပ်မှ မလုပ်တဲ့ အတွက်
လျော်ကြေးအနေနဲ့ကဗျာရေးနေတယ်
ဒီလို ဘိုဟီးမီးယမ်းတစ်ယောက်က ပြောခဲ့တယ်
ငါလည်း ဘိုဟီးမီးယမ်းပဲ
ကမ္ဘာကို ကဗျာနဲ့ ပြောလို့ မရရင် ဘာနဲ့ ပြောမလဲ
ကဗျာဟာ ကမ္ဘာမှာ
ပေါင်မုန့်ကို ထုပ်ထားတဲ့ သတင်းစာရွက်တစ်ရွက်
ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့်အတွက် ဝယ်ယူထားရတဲ့ သေနတ်တလက်
ကြည်ဇော်အေး
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home