ဘဝမြင့်ရတာ အရသာ
အစွဲအလမ်းက သမိုင်းဦးကျောက်သား
ကျွတ်တန်းဝင်ဖို့လည်း အလိုမရှိ
လေထဲမှာ ပျံတဲ့ငါးကို
ရေငုပ်ပြီးတော့လည်း မဖမ်းလို
ဘုရားရှိခိုးရမလား
လက်ဆွဲနှုတ်ဆက်ရမလား
တစ်ယောက်ယောက်ကို ဆွဲထိုးပစ်လိုက်ရမလား
ငါ့လက်က ငါ့ အဘိဓမ္မာ
ကျင်လည်ခဲ့ရာ
ရှင်သန်ခြင်းရဲ့ အကျအပေါက်များ
ဘယ်အရာမှ မထူးဆန်းတော့
ဘာကိုမှ မတုန်လှုပ်တော့ဘူး
အလွယ်မလိုက်ဘူး
အလိုမလိုက်ဘူး
ကိုယ်ထက်ပိုပြီး ဘယ်သူမှ မကြိုက်ဘူး
ပေါ့ပေါ့ပါးပါးနေဖို့ကို
လေးလေးနက်နက် တွေးခေါ်ခဲ့ရပါတယ်
ငါဟာ ဘာမဆို ပေးဆပ်ခဲ့ရတော့
အခု ငါ လုပ်သမျှ တရားတယ်။
ခက်သီ
Labels: ခက်သီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home