28 July, 2015

ကမ္ဘာကြီးပုံ


ဘယ်လောက်အံ့သြဖို့ ကောင်းပါသလဲ
ဗလာစာရွက်အဖြူပေါ်
သမီးငယ်လေး ရေးချလိုက်တဲ့
ဝလုံး ၀ိုင်းဝိုင်းလေး

ဝလုံးနဲ့လည်းတူ
ဘောလုံးနဲ့လည်းတူ
လမင်းကြီးနဲ့လည်းတူ
ကမ္ဘာကြီးနဲ့လည်း တူတာကိုး

တကယ့် ကမ္ဘာကြီးပုံက
လတ္တီတွဒ်မျဉ်းတွေ
လောင်ဂျီတွဒ်မျဉ်းတွေ ရှုပ်ယှက်ခတ်
မလှဘူး

သမီးရေးတဲ့ ကမ္ဘာကြီးပုံက
ရှင်းရှင်းလင်းလင်းနဲ့
လင်းလင်းချင်းချင်း လှ

ဝလုံးလေးက စက္ကူဖြူဖြူပေါ်မှာ
ဘောလုံးက မြက်ခင်းစိမ်းစိမ်းပေါ်မှာ
လမင်းကြီးက ကောင်းကင်ပေါ်မှာ
ကမ္ဘာကြီးက ကမ္ဘာပေါ်မှာ

ရေးတာနည်းနည်း ညံ့သွားရင်တော့
စံပယ်ပန်းလေးနဲ့ တူပြန်သပေါ့ ။


အောင်ချိမ့်
၂၀၀၁

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home