28 July, 2015

အိမ်ရှေ့က သစ်ပင်


အဖွားက စိုက်ပြီး
ကျနော်က ရေလောင်းခဲ့တယ်

သူ သီးတော့ပွင့်တော့
အဖွားက ဘ၀တပါးမှာ
သူ့ အရိပ်ဖားဖားဝေတော့
ကျနော်က ရေခြားမြေခြားမှာ . . . ။

သစ်မြစ်တွေ
အချိန်ကာလထဲ တိုးဝင်တယ်
သူ့ကိုမှီပြီး
မရှိတော့တဲ့ အိမ်လေးကို ငေးကြည့်နေမယ်
တနေ့ကျရင်  ။

နှင်းခါးမိုး
၂၀၀၈

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home