အလွမ်းရင့်ရင့်
ငါ သမ်းဝေပုံက
အတိုင်းအဆမရှိ နက်ရှိုင်း
နှစ်တွေ ယောင်ကိုင်းလို့
မျက်နှာသစ်လို့
နေ့တွေရဲ့ မျက်နှာမှာ
သွားများလည်း သံချေးတက်နေခဲ့
ဘရိတ်ပေါက်တဲ့ စိတ်နဲ့
တစ်နေ့တာ ထိုင်ခဲ့ပါတယ်
ငါးနက် ငါးဖွဲလေး မမိတဲ့နေ့
ဆေးပေါ့လိပ်က မီးခိုးတိတ်လို့
သြော်……
အမေရဲ့ သူရဲကောင်းကြီး
အသက်တွေကို ရေတွက်ရင်း
ရီ(ရယ်)သံတို့ ဆွံအခဲ့ပါတယ်
အောင်ဘညို
Labels: အောင်ဘညို
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home