ချာဂေါ နှင့် ခင်မောင်ရင်
အရုပ်ဆိုးသော နေ့များသည်
အနုပညာရှင်အား
သေစားသေစေ စိမ်ခေါ်ရာ
ချာဂေါ၏ လက်ရာများသည်
ကမ္ဘာကျော်အောင် ပျံသန်းခဲ့လေပြီ
ခင်မောင်ရင်ကား
နေမကောင်းသော နေ့များအား
သူ့ အရောင်များဖြင့် ကျန်းမာစေပြီ
ဆင်းရဲသောအချိန်များအား
သူ့ အချစ်များဖြင့် ရှင်သန်စေပြီ
ကမ္ဘာကြီး ခမျာ
တိုင်းပြည်ကြီး ခမျာ
ခင်မောင်ရင်ကြောင့် စိမ်းလန်းရလေပြီ ။
သုခမိန်လှိုင်
Labels: သုခမိန်လှိုင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home