ဘ၀ဆိုတာ
မိသားစု (၄)ယောက်ဆံ့တဲ့
ဇာခြင်ထောင်ကလေးတစ်လုံးပေါ့
အလွမ်းဆိုတာ
ဇာခြင်ထောင်ကလေးပေါ်က
မွစာကြဲနေတဲ့
ခြင်ဝင်ပေါက်တွေပေါ့
ပျော်ရွှင်မှုဆိုတာ
ဇာခြင်ထောင်ကလေးထဲ
အသံမပေးဘဲ ၀င်လာတက်တဲ့
ညလေအေးလေးပေါ့
ဇာခြင်ထောင်ကလေးတစ်လုံးနဲ့
အိပ်မက်တွေကို တည်ဆောက်နေမိတယ်
ဇာခြင်ထောင်ကလေးတစ်လုံးနဲ့
နေ့သစ်ကို စောင့်မျှော်နေခဲ့မိတယ်
ပျော်ရမလား
လွမ်းရမလား
ကျွန်တော်တို့ရဲ့ မိုးညများ ။
မိုဃ်းဇော်
သရဖူ ။ ၂၀၀၉
No comments:
Post a Comment