ပညာရွှေပြည်


ဇာတ်ရုပ်က ဘယ်လိုပုံစံလည်းဆိုတော့
ရူးနေတာပေါ့နော်
တစ်ခါမှ မလုပ်ဖူးသေးလို့
နည်းနည်း စိုးရိမ်မိပေမယ့်
ဝါရင့်တွေကလည်း လက်တွဲပြီးခေါ်ကြပါတယ်
ဒီတော့ ရူးရတာ အဆင်ပြေပါတယ်
မိန်းကလေးတွေက သနားကြပြီး
လူကြီးတွေက သံဝေဂ ရလို့
ကလေးတွေကတော့ ခဲနဲ့ဝိုင်းပေါက်ကြတာပေါ့ ခင်ဗျာ
ဘာကြောင့် ရူးရမှန်း မသိပေမယ့် ပီပြင်ပါတယ်
ဆုတွေ ဘာတွေဆိုတာကတော့ ကံပေါ့နော်
ဘယ်လို ပြောရမလည်း နတ်ကြီးတယ်လေ
ဘာကြောင့် ရူးရမှန်း မသိပေမယ့် အောင်မြင်ပါတယ်
ပြန်ကြည့်ပြီး မျက်ရည်တောင်ကျမိတယ်
ပရိသတ်တွေကလည်း ဖုန်းဆက်ပြီး ချီုးကျုးကြတယ်
ဝေဖန်ရေးဆရာတွေ ဘာတွေကလည်း ဝိုင်းပို့ကြတာပေါ့
ဘာကြောင့် ရူးရမှန်း မသိပေမဲ့ ထူးခြားမှုရှိပါတယ်
အဓိက ကတော့ ပတ်ဝန်းကျင်ပေါ့
ပတ်ဝန်းကျင်မှာလည်း အရူး တွေ ချည်းပဲဆိုတော့
သင်ယူရတာ လွယ်ပါတယ်
သင်ပြီးမှ ရူးရတာဆိုတော့ စနစ်ကျတာပေါ ခင်ဗျာ
သင်လည်း သင်ပြီး ရူးချင်ရင်ပြောနော်
ပိတ်ရက်မရှိ
တန်းခွဲမရှိ
သင်တန်းသား ဦးရေ အကန့်အသတ် မရှိ ။

ကြည်ဇော်အေး

No comments:

Post a Comment