ကိုချောအတွက် အချစ်သီချင်း


တစ်ချပ်မှောက်ဖဲသမားလို
ဘ၀မှာ ကိုယ့်သေချာမှု့နဲ့ ကိုယ် ရှိပြီးသား
မာရေကြောရေ နေနိုင်ကာမှနေ
အလကားနေရင်း
စော်ကားဖို့ ၀န်မလေးတဲ့ကောင်စားတွေလည်း
ကမ္ဘာထဲမှာ ဒုနဲ့ဒေး
နေရင်း ထိုင်ရင်း
မိုက်ရိုင်းဖို့ ၀န်မလေးတဲ့ ကောင်စားတွေလည်း
ကမ္ဘာထဲမှာ ဒုနဲ့ဒေး
သွားရင်း လာရင်း
မစင်တွေ ကိုယ့်ကို မစင်အောင်
ကာကွယ်တက်ဖို့တော့ လိုလိမ့်မယ်
စိတ်ပျက်မိတိုင်း
အရိပ်လက်ဝှေ့ထိုးခဲ့ရ
ဇာတ်ကြီးဆယ်ဖွဲ့ထဲက
ရက်စက်တဲ့ ပုဏ္ဏားလို
ကျေးဇူးတရားမသိ၊ ဘာမသိ
ဦးနှောက်ထဲ ချွဲတွေပဲရှိတဲ့ ဒင်းတို့နဲ့
ကြမ်းတစ်ပြေးတည်း နေထိုင်ခဲ့ရတာ
သိပ်နာတယ်
ကိုချောရေ
ကမ္ဘာဦးမှာ
ပလာတူးတွေ မရှိပေမဲ့
တဏှာရူးတွေတော့ ရှိခဲ့တယ် ။

မိုဃ်းဇော်
ပိတောက်ပွင့်သစ်။ ဒီဇင်ဘာ ။ ၂၀၀၈

No comments:

Post a Comment