သဘာဝတော့ ကျတယ်
အလင်းရောင် လေရိုင်းနဲ့ မိုးရေများ
ပင့်ကူအိမ် ဖုန်မှုန့်နဲ့ ကုက္ကိုရွက်များ
စီးဝင်ပေါင်းဆုံရာ မြစ်များ။
မြင်ရတယ်
မတ်စောက်ကြပ်ခဲ့တဲ့ အတွင်းသားမှာ
နေ့တ၀က်နဲ့ လူလွတ်တစ်ယောက်
ဖျောက်ဖျက်ဖို့ ကျကွဲဖို့
နေ့တိုင်း လဲကျသေဆုံးဖို့
ညှင်းသိုးသိုး မျက်နှာပေါက်တွေကို
မည်းညစ်ညစ် ပြတင်းမှာ ကပ်ဖို့
အမှောင်ကို ငတ်
သန့်ရှင်းစင်ကြယ်မှုကို ငတ်
ထပ်ခိုးထဲ ငတ်ကြီးကျလို့
အထပ်လိုက်
နောင် လာမယ့် ထပ်ခိုးတွေရော
ပြီးခဲ့တဲ့ ထပ်ခိုးတွေပါ ၀င်လာခဲ့ရာ
အောက်သိုးသိုး အနံ့
ဂျက်ဇ်ဂီတ
တရားဦး
ရာသီဆိုးများနဲ့
ခဏ ခဏ နေမြင့်ခဲ့ ညဉ့်နက်ခဲ့ရာ အိမ်ခေါင်မိုးများ ။
ဝင်းလွင်
GEM ။ စက်တင်ဘာ ။ ၁၉၉၉
No comments:
Post a Comment