Showing posts with label ဝင်းလွင်. Show all posts
Showing posts with label ဝင်းလွင်. Show all posts
အဆက်မပြတ်ညည်းချင်း
ပြောစမ်း
ငါဆက်စဉ်းစားတယ်
ခြေရာတွေထပ်နေတဲ့အကြောင်း
အသက်ကြီးလာတဲ့အကြောင်း
တစ်ခါတလေပြန်ဆုံတဲ့အကြောင်း
ဆက်ပြော
ဒီဇန်န၀ါရီကအစ
ဧပြီ ဂျွန် သြဂတ်စ် နိုဝင်ဘာ
ဘတ်စ်မှတ်တိုင်မှာမိုးခိုတုန်းကအကြောင်း
သဲတရှပ်ရှပ်အတောင်ပံတစ်စုံအကြောင်း
ခပ်နိမ့်နိမ့်ပျက်ကျခဲ့တဲ့အကြောင်း
သံရည်ကျိုစက်ထဲကအချိန်တွေလိုလေးလံပိကျ
သံမဏိလက်ရန်းတွေအနောက်မှာ
နောက်တစ်ခါဆံပင်ညှပ်ခဲ့
အရက်နည်းနည်းသောက်ခဲ့တဲ့အကြောင်း
မင်းကမှန်ပြီး ငါကမမှားတဲ့အကြောင်း
ဆက်ပြော
ညတစ်ည
ခြေလေးချောင်းနဲ့ဘူတာရုံတစ်ရုံအကြောင်း
အမောဖောက်လာတဲ့ရေနွေးငွေ့အကြောင်း
တိုးတက်တဲ့သဘာဝဓါတ်ငွေ့တွေအကြောင်း
မင်းနားမလည်ဘူးပြောပေမယ့်
ငါကဆက်ပြော
ငါ့ကိုယ်ငါတွေးတောအရေခွံခွာ
ငါ့ကိုယ်ငါအခါခပ်သိမ်း
ငါ့ကိုယ်ငါတော်ပါတော့ဆိုတဲ့အကြောင်း ။ ။
ဝင်းလွင်
ပိတောက်ပွင့်သစ်
April 2006
အဆက်မပြတ်ညည်းချင်း
ပြောစမ်း
ငါဆက်စဉ်းစားတယ်
ခြေရာတွေထပ်နေတဲ့အကြောင်း
အသက်ကြီးလာတဲ့အကြောင်း
တစ်ခါတလေပြန်ဆုံတဲ့အကြောင်း
ဆက်ပြော
ဒီဇန်န၀ါရီကအစ
ဧပြီ ဂျွန် သြဂတ်စ် နိုဝင်ဘာ
ဘတ်စ်မှတ်တိုင်မှာမိုးခိုတုန်းကအကြောင်း
သဲတရှပ်ရှပ်အတောင်ပံတစ်စုံအကြောင်း
ခပ်နိမ့်နိမ့်ပျက်ကျခဲ့တဲ့အကြောင်း
သံရည်ကျိုစက်ထဲကအချိန်တွေလိုလေးလံပိကျ
သံမဏိလက်ရန်းတွေအနောက်မှာ
နောက်တစ်ခါဆံပင်ညှပ်ခဲ့
အရက်နည်းနည်းသောက်ခဲ့တဲ့အကြောင်း
မင်းကမှန်ပြီး ငါကမမှားတဲ့အကြောင်း
ဆက်ပြော
ညတစ်ည
ခြေလေးချောင်းနဲ့ဘူတာရုံတစ်ရုံအကြောင်း
အမောဖောက်လာတဲ့ရေနွေးငွေ့အကြောင်း
တိုးတက်တဲ့သဘာဝဓါတ်ငွေ့တွေအကြောင်း
မင်းနားမလည်ဘူးပြောပေမယ့်
ငါကဆက်ပြော
ငါ့ကိုယ်ငါတွေးတောအရေခွံခွာ
ငါ့ကိုယ်ငါအခါခပ်သိမ်း
ငါ့ကိုယ်ငါတော်ပါတော့ဆိုတဲ့အကြောင်း ။ ။
ဝင်းလွင်
ပိတောက်ပွင့်သစ်
April 2006
ထပ်ခိုးများ
သဘာဝတော့ ကျတယ်
အလင်းရောင် လေရိုင်းနဲ့ မိုးရေများ
ပင့်ကူအိမ် ဖုန်မှုန့်နဲ့ ကုက္ကိုရွက်များ
စီးဝင်ပေါင်းဆုံရာ မြစ်များ။
မြင်ရတယ်
မတ်စောက်ကြပ်ခဲ့တဲ့ အတွင်းသားမှာ
နေ့တ၀က်နဲ့ လူလွတ်တစ်ယောက်
ဖျောက်ဖျက်ဖို့ ကျကွဲဖို့
နေ့တိုင်း လဲကျသေဆုံးဖို့
ညှင်းသိုးသိုး မျက်နှာပေါက်တွေကို
မည်းညစ်ညစ် ပြတင်းမှာ ကပ်ဖို့
အမှောင်ကို ငတ်
သန့်ရှင်းစင်ကြယ်မှုကို ငတ်
ထပ်ခိုးထဲ ငတ်ကြီးကျလို့
အထပ်လိုက်
နောင် လာမယ့် ထပ်ခိုးတွေရော
ပြီးခဲ့တဲ့ ထပ်ခိုးတွေပါ ၀င်လာခဲ့ရာ
အောက်သိုးသိုး အနံ့
ဂျက်ဇ်ဂီတ
တရားဦး
ရာသီဆိုးများနဲ့
ခဏ ခဏ နေမြင့်ခဲ့ ညဉ့်နက်ခဲ့ရာ အိမ်ခေါင်မိုးများ ။
ဝင်းလွင်
GEM ။ စက်တင်ဘာ ။ ၁၉၉၉
Subscribe to:
Posts (Atom)