ပုံတူ
တနေ့လုံး
တညလုံး
အညှီစော်ခံပြီးမှ
အဝေးကို ထွက်ပြေးလာခဲ့တာပေါ့
အိပ်နေတဲ့ လမ်းမကိုလည်း နှိုးခဲ့
နာဖျားဆဲ နာရီတို့ကိုလည်း ထားခဲ့
ငိုရှိုက်သံမဖြစ်သေးတဲ့ ငွေတချို့သာ
မိုး အဖြစ်နဲ့ရွာလာခဲ့
ပြောပြလို့ မတက်နိုင်တဲ့ ကောင်းကင်ဆန်မှု့နဲ့ပေါ့
အဲဒီနေ့က
မိုး တအားသည်းတယ်
အဆိပ်အချို့က အရမ်းချိုတယ်
ရထားဥသြဆွဲသံကလည်း
ခါတိုင်းထက် ပိုကျယ်လောင်တယ်။
ဒီဝသုန်ခက်
Labels: ဒီဝသုန်ခက်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home