28 July, 2015

အချစ်တေး


အချစ်မရှိဘဲ ဘယ်သူ တေးသီနိုင်မလဲ
လရောင်အောက်မှာ တေးဆိုဖို့
စောင်းကြိုး ပြန်ညှိခဲ့သူ
ဝိညာဉ်ပေါ် အလွမ်းနှင်းတွေ ခိုစီးလို့
နွေဦးဆီ အိပ်မက်ကြည်ဆဲ
စိတ်လွင်ပြင် တစ်စတစ်ဆုံး
ပန်းရိုင်းတွေ ဖုံးနေခဲ့ပေါ့

မြတ်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home