သတင်းစာများကို ဖတ်ပါ
ထစ်နေတာလား
မီးကို အစာကျွေးပြီး
ရှေ့လျှောက် ဆွေးရဦးမယ်
ထစ်နေတာလား
ရေနဲ့ မျှောချ
ရေက ပြန်မဆန်ဘူး
မြေကပြန်လှန်လို့ရတယ်
လမ်းပေါ်က လူမို့
လမ်းပေါ်မှာပဲ သေရတယ်ဆို
လေထဲက လူတွေကကော
လေထဲမှာ သေကြမှာလား
"အရစ်ကလည်း ရှည်လိုက်တာကွာ
ပြည်တွင်းစစ်လိုပဲ"
အလောင်းကို သယ်လာတဲ့ လူနာတင်ယာဉ်နဲ့
အတိုက်ခံလိုက်ရလို့ သေသွားတဲ့ ကလေးတစ်ယောက်နဲ့
လတ်လတ်ဆတ်ဆတ် အလောင်းလို မနက်ခင်း ။
ကြည်ဇော်အေး
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home