ဒေသတွင်းသတင်း
ကိုယ့် မျက်စိရှေ့တင် ရူးသွားတော့လည်း
ကိုယ့်လို အရှင်လတ်လတ်ပဲ
နေက အပြင်းအထန် မောင်းနှင်လို့
ဒီနေ့ တစ်နေကုန် ဖျားနာမဲ့အကြောင်း မပြောလိုက်ရတာလည်း
မနက်ဖြန် သတင်းစာတွေ ရောင်းကောင်းတာပဲလား
အမြုပ်တစီစီနဲ့
အထုပ်ဖြည်လို့
ခွေးထက်သာတာဆိုလို့
ခွေးထက် မိုက်တာပဲ ရှိတယ်
အချစ်မှာ ကမ္ဘာက နေရာမရသော်ငြား
ကမ္ဘာမှာ အချစ်က နေရာရလို့
မနက်ခင်းဟာ
အသက်ထွက်လာပါပြီ ။
ကြည်ဇော်အေး
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home