အခန်း
ငါ့ယာခင်းပေါ်က ကမ္ဘာတစ်ခုစီးဆင်းခဲ့
မနေ့က ငါ့အသက်ဟာ ဆက်ထုံးတွေများခဲ့ပြီ
ကက်ကိုဘိန်းဖြစ်ဖြစ်
ဟဲမင်းဝေးဖြစ်ဖြစ်
အစိမ်းလန်းဆုံးတောက်ပပြီး
အစိမ်းလန်းဆုံးထုတ်ချင်းပေါက်ခဲ့ကြတာ မဟုတ်လား
စနစ်တကျကြွေပြဖို့
ငါက ကမ်းပါးအိုကြီးဆီ ရွေ့နေချိန်
ကမ်းပါးအိုကြီးကို တစ္ဆေဖဲ့စားနေရဲ့
လောကဓံထဲမှာ
အသွားနှစ်ဖက်ဓားတွေ နံကြားဝင်တာလောက်တော့
ပျင်းစရာ
ငါမဟုတ်တဲ့ အခန်းမှာ ငါကိုယ်တိုင် ကပြနေရင်းနဲ့ . . . . ။
မောင်ဆေးရိုး
စတိုင်သစ်၊ ဇွန်၊ ၂၀၀၄
Labels: မောင်ဆေးရိုး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home