ရှုခင်းကြည့်သူ
ငါ အဲဒီကိုရောက်တော့
ဘာမှ မရှိတော့ဘူး
ကြီးကြီးမားမား မရေရာမှုရဲ့
သင်္ကေတတမျှ
ကျောက်တုံးအကွယ်က
နှင်းတစ်ပေါက်ရေ
ခါတိုင်းလို
ဒီလို ဒီအချိန် ဒီအခါ
ငါ့မှာ ဝီရိယကြီးခဲ့
ငါ့မှာ စိတ်စောခဲ့
တစ်မိနစ် မိနစ်ဝက်စာမျှ
ငါ့အတွက်
အလွမ်းသဲ့သဲ့မျှချ၍ မချန်ခဲ့
အောင်ချိမ့်
Labels: အောင်ချိမ့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home