လျှာဟာ ဇိမ်ခံပစ္စည်းဖြစ်တယ်
မေးခွန်းဆိုတာ
စားကောင်းသောက်ဖွယ် မဟုတ်မှန်း သိခဲ့ပြီး
အဲသလို ကိုယ့်ကိုယ်ကို ချစ်နေပုံကြီးက
သံသယဝင်စရာကောင်းလှချည်ရဲ့ဗျာတဲ့
မြက်ခင်းတွေ လှမ်းမြင်ရလောက်အောင်ရယ်တယ်
ဖြစ်နိုင်ရင်
မိုးရွာကြည့်လိုက်ပါလားလို့ မေးတော့
သွေးလေမမှန်တဲ့ တိမ်တွေကသာ လှကြရစမြဲတဲ့
ခေတ်ကြီးတစ်ခေတ်က
ခေတ်ကြီးတစ်ခေတ်ကို လှမ်းပြောနေသလိုမျိုး
သမီးရည်းစားနှစ်ယောက် ဝေးသွားကြတယ်
မြို့ကလေးတစ်မြို့ ထွန်းကားလာခဲ့တယ်
ကျွန်တော်က
သနပ်ခါးပင်ကလေးဆိုတော့
မရင့်ကျက်ရခဲ့ပါဘူး အချစ်ရယ်
ကြည်ဇော်အေး
No comments:
Post a Comment