08 July, 2015

သစ်တောက်ငှက်


အသံထက်မြန်တဲ့ ရထား
ခဏပြတင်းပေါက်ဖွင့်ကြည့်လို့ရမလား
လင်းလွန်းအားကြီးတဲ့ ဘဝများ
မှောင်လွန်အားကြီးတဲ့ ဘဝများ
ရေကို မျှော်မြင်သော်လည်း မရ
မြေကို မျှော်မြင်သော်လည် မရ
မြင်မြင်သမျှတို့ လျှပ်တစ်ပြက်
ကံကြမ္မာကို ရွှေလိုကျင်သူရဲ့ မသေချာခြင်းများ
အခြားသော အရာများ

အရိပ်က
သစ်ပင်ကို ထိုးဆိတ်စမြဲ
ဘာမှ မရရင်လဲ
ဖြစ်သမျှလဲ ။

ခင်ဇော်မြင့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home