08 July, 2015

ပြင်သစ်ရုပ်ရှင်


ဇာတ်လမ်းကတော့ အဲဒါပါပဲ
ထရစ်ကာကို ဆွဲညှစ်၊ ခြောက်ချက်တိတိ
အဲဒီငနဲရဲ့ ဦးနှောက်ထဲ ဖိပြီး
ပစ်ချလိုက်တယ်
နောက်တော့ ငနဲ၊ မီးသွေးပုံထဲမှာ, ဖလက်
နောက်ဆို သူ ဘယ်တော့မှ
ချွဲငန်းဝါးတဲ့ ဘောလုံးနည်းပြ
ဖြစ်တည်မှုပဓာနဝါဒကို အာကျပြီး ဘာမှ ဖြစ်မလာသူ
စတန်းဖို့ဒ်တံတားပေါ်က ကလပ်ပိုင်ရှင်သူဌေး
မိုးလေဝသ သတင်းကြေညာသူ
ကြက်ဥအလုံးငါးဆယ်တိတိ ခွဲပြတဲ့ ပါဖောမင်စ့်သမား
အားကစာဂျာနယ်တစ်မျိုးတည်း စောင့်ဖတ်သူ
ညနေခင်း အကောင်းမြင်သမား
စကော့ဝီစကီသောက်ပြီး လူမှု့ရေးညံ့ဖျင်းသူ
သူ……နောက်ဆို
ဘယ်တော့မှ ဖြစ်လာမှာ
မဟုတ်တော့ဘူး
ဇာတ်လမ်းကတော့ ဒါပါပဲ   ။

သော်ဒီဝေ
ဟန်သစ် ။ ဒီဇင်ဘာ ။ ၂၀၀၃

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home