07 July, 2015

မှော်ရုံ


သောကြာကြယ်ခူးဖို့လည်း
အစီအစဉ်မရှိ

မီးသတ်ကားမလာခင်မှာပဲ
သင်္ချာအားလုံး အဆုံးသတ်လို့

စားပွဲတင်ပန်းအိုးမှာ မြုပ်ထားတဲ့ စိန်
မကြာခင်တော့ ပန်းပွင့် ဖြစ်တယ်

ပြောကြ
လူနဲ့တူတဲ့ တစ်ယောက်အတွက်
စက်လှေကားမှာ
နောက်ပြန်ဆင်းသွားခဲ့သလား

ကတ္တီပါစကို
ဘရိတ်ဒါးနဲ့ ခြစ်ခဲ့

အခုတော့
လာမယ့် သီချင်းထဲမှာလည်း
ဘာမှ ရှိခဲ့မယ် မဟုတ်ပါဘူး


စံညိမ်းဦး
Fashion Image ။ဂျူလိုင်။ ၂၀၀၂

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home