စီးကရက်သောက်ခြင်း အနုပညာ
ရှင် ကျွန်မကို တစ်လိပ်ပြီးတစ်လိပ် သောက်ပစ်တယ်
ရှင် ကျွန်မကို တစ်နေ့ပြီးတစ်နေ့ သောက်ပစ်တယ်
ကျွန်မ ဘဝကို ပထမဆုံးလောင်ကျွမ်းစေခဲ့တာ ရှင်
ရှင့်မျက်နှာရှေ့ကနေ မကြာခဏ မောင်းထုတ်ခံရတာ ကျွန်မ
ကြမ်းပေါ်လွှင့်ပစ်ပြီး ခြေထောက်နဲ့ နင်းခြေခဲ့ခံရ အကြိမ်ကြိမ်
နောက်ဆုံးတော့ ပြာမှုန်တွေအဖြစ် အမှိုက်ပုံးထဲမှာ
ဒါပေမယ့် ကျွန်မဘဝကို ကျွန်မ ကျေနပ်မိပါတယ်။
ရှင့်နှုတ်ခမ်းဖျားကနေ တယုတယ
မီးခိုးငွေ့ကွင်းလေးတွေအဖြစ် လှလှပပ
စိတ်လိုလက်ရ ရှင်မှုတ်ထုတ်နေတတ်တဲ့
ဟိုးအရင်အချိန်တွေကို ပြန်တွေးမိရင်ပေါ့။
မြင့်မိုးအောင်
Labels: မြင့်မိုးအောင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home