29 July, 2015

အပြာရောင်မိုးသားများ


မြစ်တွေမှာ
မျိုသိပ်ထားတဲ့ အလွမ်းတွေ ရှိသလို
ကြယ်တွေမှာ
ထိမ်ချန်ထားတဲ့ အနမ်းတွေ ရှိတယ်

( နှုတ်ခမ်းတွေကို
နေ၀င်ရင် မီးငြိမ်းစရာ မလို )

အဲဒီ
ပိန်းပိတ်အောင် မှောင်တဲ့ အလင်းထဲ
မှောင်ချင်တိုင်း မှောင်ပစေရော့ . . . . ။

ကိုယ့်ကိုကိုယ် ဖုန်းဆက်ကြည့်တော့
စာလုံးပေါင်း မမှားဘူး
အသံထွက် မလွဲဘူး

တကယ်တမ်း စွတ်စိုဖို့ဆို
တစ်ချက်ကလေး ညှို့လိုက်ဖို့ပဲ ။

အိုအောင်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home