နတ်စိမ်း (၁၁)
ရေမွှေးပုလင်းခွံက
မနေ့ကနဲ့ တူတယ်
ဒုတိယကမ္ဘာစစ်ဆိုတာ ရှိခဲ့လို့
ငါတို့ ကမ္ဘာကို ငါတို့ ပိုချစ်ရကောင်းမှန်းသိတာ
တစ်ယောက်နဲ့လည်း တစ်ယောက် ရန်ဖြစ်တာလည်း
မှန်တယ် ။
စိတ်အားငယ်ရင်
နာရီကို တက်နင်းပစ်လိုက်
ဒီတော့ . . . ပန်းသီးကို အရှင်လတ်လတ် ရင်ခွဲလိုက်ရမလား
နံရံကို ခေါက်ကြည့်ရင်
ဘာမှ အဓိပ္ပာယ် မရှိဘူးလို့ ကြားရမယ်
သတိရခြင်းဟာ
အသားစား ငါးတစ်မျိုး ဖြစ်တယ်။
ကောင်းကင်မှာက
မိုးမရွာတက်တဲ့
မိုးတိမ်ဆိုတာ ရှိတယ်
အိပ်ငွေ့ချထားတဲ့ ကျောက်တုံး
လမ်းပေါ်လိမ့်လာတယ်
ပြီးတော့ ဆက်လိမ့်သွားတယ် ။
စံညိမ်းဦး
Labels: စံညိမ်းဦး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home