29 July, 2015

ပြန်တော့မယ်လို့  နှုတ်ဆက်မသွားတဲ့သီချင်း


ညဆို မြင်းတွေက ကဆုန်ပေါက်လို့ 
နေ့ ဆို ကုက္ကိုပွင့်တွေ မွှေးနေအောင် ကြွေလို့ ။

မိုးကြီးချူပ်သွားပြီ
ဒီလိုပါပဲ

ကုက္ကိုရွက်တွေမှာလည်း
မွှေးပျံ့ သောရနံ့ နဲ့ 

သွားချင်သူတွေ သွားလို့ 
လာချင်သူတွေလည်း လာလို့ 
ဒီလိုပါပဲ

အမှတ်တရတွေဆိုတာလည်း
ဒီလိုပါပဲ

သတိရတယ်ဆိုတာလည်း
ဒီလိုပါပဲ

မဆုံးဘယ်ခါရှိတော့မယ်
ဒီလိုပါပဲ

အသံကိုရွှေချထားလို့ မရတော့
အသံကိုစိန်စီထားလို့ မရတော့
ဒီသံသရာမှ
သူလည်း လွတ်ပါစေ
ကိုယ်လည်း ကျွတ်ပါစေ ။

ခင်ဇော်မြင့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home