29 July, 2015

ရှားပါးသတ္တဝါ


ကျွန်တော့်အနေနဲ့တော့
ခင်ဗျားဟာ ရှားပါးသတ္တဝါတစ်ကောင်ပဲ
ဒါပေမယ့် မျိုးတုံးသင့်ပြီ

ခင်ဗျားဟာ ဇီဝဖြစ်စဉ်သက်သက်ထက် မပိုဘူး
ကိုယ့်ကိုယ်ကိုယ် ချွေတာတဲ့နေရာမှာလည်း နှစ်ယောက်မရှိ
လူပြက် ပြက်လုံးလို
ဒုတိယကမ္ဘာစစ်မီးနဲ့ ပြောင်းဖူးဖုတ်ရောင်းလို့
ခင်ဗျားခပ်တဲ့ ရေကလည်း
ခင်ဗျားဆေးတာနဲ့ ကုန်လို့

ကျွန်တော့်အနေနဲ့တော့
ခင်ဗျားဟာ ရှားပါးသတ္တဝါတစ်ကောင်ပဲ
ဒါပေမယ့် မျိုးတုံးသင့်နေပြီ

ခင်ဗျားဟာ ရေခဲပြင်မှာ စကိတ်စီးပြီး
ရေခဲပြင်တွေ ပျော်နေတာကို လျစ်လျူရှုသူ
ခင်ဗျားဟာ မျောက်သားလည်းစားချင်
မျောက်မျက်နှာလည်း မြင်ဖူးချင်သူ
ခင်ဗျားလက်တွေဟာ
ခင်ဗျားမျက်နှာကိုတောင် အားမနာ ပါးမနာ
ခင်ဗျားဟာ ကားသာစီးဖူးပြီး
မြင်းတွေဘာတွေ မစီးဖူးလေတော့
ဒါမှမဟုတ်
ခင်ဗျာကိုယ်ခင်ဗျားတော့ သိမှာပေါ့
အထီးလား အမလား

ကြည်ဇော်အေး
ပန်းအလင်္ကာ မဂ္ဂဇင်း ၊ ဇွန်လ ( ၂၀၀၇ ) ခုနှစ်

ရသကမ်းခြေ လပွတ္တာမှ ( ၂၀၀၇ ) ခုနှစ် ဂိမ္မန္တရာသီအတွက် အကြိုက်ဆုံး ကဗျာဆု

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home