လာထား
ဘော့မာလေတွေ ဝိုက်ကလပ်စ်ဂျင်းတွေ
လာထား
ပါရီကျဆုံးခန်းတွေ ပါရီရုပ်ပုံလွှာတွေ
လာထား
ရွှေကျီးညို နဲ့ ပဲခူးမြတွေ
လာထား
ဇေတွေ ဝက်ခေါင်းသုပ်တွေ
သုံးမကုန် ဖြုန်းမကုန်
အမွေရခဲ့တဲ့ ငွေပုံပေါ် ထိုင်နေတဲ့ သူဌေးသားတွေလို
မျက်နှာထားတွေ
တကယ်တော့
မြေပေါ်ရှစ်ဆယ် မြေအောက်ရှစ်ဆယ်
မြွေတွေ
သူ့
အပေါက်တွေ
သူ့
ပျော်စရာ အိမ်မက်ဆိုးတွေ
သူ့
လက်မောင်းသွေးကို ဖောက်ကြည့်ခြင်းတွေ
စသည့်ဖြင့်
ကျန်ရစ်သူများမှာသာ ယောင်ရမ်းစွာ
ပြာပူပေါ်
ပျော်လို့ ။
ကြည်ဇော်အေး
No comments:
Post a Comment