13 July, 2015

ပေးစာ


ဒီနေ့ နဲ့
လိပ်စာကိုတောင်ပံတပ်ခဲ့ခြင်းမှာ မီးစိမ်းတယ်

လမ်းများ
သူငယ်ချင်းများ
ငါတို့ရဲ့
ကိုယ်ကျိုးနည်းခဲ့တဲ့ သုညများ

အိမ်မှာ
အမေကအဖေ့ကိုထမင်းစားကောင်းလားလို့မေးတယ်
အဖေကချဉ်ရည်ဟင်းကခေါ်သွားတယ်လို့ပြောတယ်

အခြေအနေဘယ်လိုလဲ
ရေစိုနေတဲ့
သစ်သားမီးခြစ်ဆံတစ်ချောင်းလိုအဖြစ်မှကင်းဝေးစေချင်တာ
သတိရပါတယ်


ထက်တည်မြင့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home