၁၇
မီးပန်းဆိုင်းကြီးကို
ကားနဲ့ ဝင်တိုက်အပြီးမှာ
ကျွန်တော်ဟာ ဖုန်းရုံဆီ
အပြေးသွားခဲ့တာပေါ့ ။
ကျွန်တော့်ဇနီးကို ဖုန်းခေါ်ပေမယ့်လည်း
သူမက အိမ်မှာ ရှိမနေဘူး ။
ကျွန်တော် တုန်လှုပ်ခြောက်ခြားသွားပြီ
အရင်းနှီးဆုံး သူငယ်ချင်းကို
ဆက်သွယ်ပေမယ့်လညိး လိုင်းက မအားပြန်ဘူး
ဒါနဲ့ ပါတီတစ်ခုကို သွားပြန်တော့
ထိုင်စရာခုံမရှိဘူး ။
တချို့လူတွေက သူတို့ရဲ့ ခြေထောက်တွေနဲ့
ကျွန်တော့်ကို နင်းခြေသွားကြတယ်
ကျွန်တော့်ပါးစပ်တွေက တွန့်ခေါက်လို့
လက်နက်တွေက ကျွန်တော့်လည်မြိုကို
စူးဝင်လို့
ကျွန်တော့်အစာအိမ်က ပြည့်ကျပ်ဖောင်းကားလို့
ခွေးတွေက ကျွန်တော့်မျက်နှာကို လျှာနဲ့လျက်ကြတယ်
လူတွေက ကျွန်တော့်ကို စိုက်ကြည့်ပြီး
မင်း ဘာဖြစ်နေတာလဲလို့ မေးကြတယ် ။
အောင်မြင်တဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ တွေ့တော့
စကားပြောဖို့ ရပ်လိုက်တဲ့ အခါ
ကျွန်တော် နေမကောင်းဘူးဆိုတာသိတဲ့ သူတို့က
ဆေးတောင့်တချို့ ပေးသွားကြတယ် ။
အိမ်ကို ပြန်ရောက်လို့
သေကြောင်းကြံတဲ့စာ ရေးနေချိန်မှာပဲ
လမ်းအတိုင်း ဆင်းလာနေတဲ့
လူအုပ်တစ်အုပ်ကို တွေ့လိုက်ရတယ်။
'တကယ်ပါ
မာလွန်ဘရန်ဒိုကို
ဆန့်ကျင်းရာ
အကြောင်း မရှိဘူး' ။
အောင်မိုး
Bob Dylan - 17
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home