10 July, 2015

ရိပ်ခနဲတွေ


လက်တွေလည်း တုန်နေပြီ
ရိပ်ခနဲတွေ ။

ဆံပင်တွေလည်း ဖြူနေပြီ
ရိပ်ခနဲတွေ ။

မျက်တွင်းတွေလည်း ချိုင့်နေပြီ
ရိပ်ခနဲတွေ ။

နားထင်တွေလည်း ချိုင့်နေပြီ
ရိပ်ခနဲတွေ ။

အောက်မျက်ခုံးလှုပ်တယ်
ညာလက်မောင်းလှုပ်တယ်
အိမ်ကနေ ဘယ်မှ မခွာတော့ဘူး
ရိပ်ခနဲတွေ ။

သစ်ပင်လိုနေချင်တယ်
သစ်ရွက်လို မကြွေချင်လို့ရလား
ရိပ်ခနဲတွေ ။


ခင်ဇော်မြင့်
ပိတောက်ပွင့်သစ် အမှတ်(၅၃) ။ ၂၀၁၃

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home