သူငယ်ချင်း


မိုးရွာရွာ နေပူပူ
ဥပေက္ခာနဲ့ လက်ခံလိုက်ရုံ

မေတ္တာခြုံမှ လုံမယ်လို့
မင်းယုံသလို ငါလည်း ယုံတယ်

အရာင်အဆင်းတွေ တူခဲ့ကြသလို
အဆင်လည်း မကွဲခဲ့ကြ
ကောင်းကျိုးမှာ ငါတို့ တည်ခဲ့တယ်

တစ်ခုခုတော့ ရွေးချယ်ရတာပဲ
လမ်းချင်းမတူလည်း လူချင်းတွေ့ကြဖို့
တနင်္ဂနွေများ

တစ်ယောက်လေးနက်မှုကို
တစ်ယောက်ယုံကြည်ခဲ့ကြတော့
လောကဓံတရားဆိုတာလည်း
ပြိုင်ဘက်ကောင်းမဟုတ်တော့ဘူးပေါ့
သူငယ်ချင်း

ထွန်းကို
ပိတောက်ပွင့်သစ် အမှတ်(၅၃) ။ ၂၀၁၃ ။

No comments:

Post a Comment