ပုဇွန်တောင် ညနေခင်း
အသံအကျယ်ဆုံးသူက အပျော့ညံ့ဆုံးပဲ
လိုအပ်ရင် ဘာမှ မပြောပဲ တိတ်တိတ်ကလေး နေရမယ်
နယူးယော့ခ်ဂိုဏ်းစကားက
အောင်မြင်ရင် ရန်သူပေါမယ်
မအောင်မြင်ရင်တော့ မိတ်ဆွေပေါမယ်တဲ့
မိတ်ဆွေစစ်ရင်တော့ ပွင့်ထွက်နေတဲ့ခေါင်းကြီးနဲ့လာလည်း ကြိုဆိုရမှာပဲ
ဘယ်တော့မှ ဓာတ်ဆီမကုန်တဲ့ ခြေထောက်တွေနဲ့
မြို့ထဲကနေ ပုဇွန်တောင်အထိ ငါတို့လျှောက်ခဲ့ကြတယ်
သူငယ်ချင်းတွေလို ၊ ညီအစ်ကိုတွေလို ၊ ပုလင်းတူဗူးဆို့တွေလို
ကြယ်တွေရဲ့ အလင်းရောင်နဲ့ လမ်းမီးရဲ့ အလင်းရောင်
ရောထွေးပေါင်းစပ်သွားသလို
မောင်ဖီလာ
Labels: မောင်ဖီလာ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home