ဦးခေါင်းခွံများ
နာရီတွေ အရည်ပျော်နေတုန်းမှာ
အေးစက်သွားတဲ့ စကားလုံးတွေက အစော်ကားခံသီချင်းကို ဆိုကာ
ပူလောင်သော နေ့ရက်များဆီကို ဆိုက်ကပ်လာခဲ့တယ်
ဘ၀က အေးစက်စက်နိုင်လွန်းသလောက် ထိတွေ့ရတဲ့ လေထုက ပူခြင်း
လူဟာ တစ်ယောက်တည်း အထီးကျန်နိုင်လွန်းပြီး ကြယ်တွေနဲ့ ကွန်ပစ်
တစ်ယောက်တည်းပဲ သီချင်းဆို တင်းတိမ်နိုင်စွမ်းစာမျက်နှာများ
တစ်ယောက်တည်းနေရင်း သီချင်းတွေကို အဆုပ်လိုက် ဖမ်းဆုပ်ပြီး ဘ၀ကို ခေါစာပစ်
လာလိုချင်ရင် အနီးလေးပဲ မုန်းတော်မူလို ကမ်းပါးကို အော်ပြောလိုက်မိ
ကမ္ဘာ့ပထ၀ီဝင်ဘာသာရပ်မှာတော့ ခြောက်သွေ့ကုန်းမြေဟာ ငါ ကျက်လို့မရတဲ့ စာပိုဒ်တစ်ခုပဲ
ကိုယ့်ကိုယ်ကို ပြန်ညှို့လို့ ဘယ်တော့မှ မရတော့ဘူး
ဘာကိုမှ ယုံကြည်လို့မရတဲ့ လောကထဲမှာ ယုံကြည်မှု့နဲ့ အသက်ရှင်ခြင်း
ကျိန်စာသင့်ထားတဲ့ မှန်တွေဟာ တချပ်ပြီးတချပ်ရိုက်ခွဲလိုက်ရတယ်
လွတ်မြောက်နယ်မြေရဲ့ အမှောင်ဟာ ချစ်စရာသိပ်ကောင်းတယ်
ချုပ်တည်းနိုင်စွမ်းမရှိခဲ့ရင် အသက်ဇီဝဓာတ်ဆိုတာ အဖြူရောင်အငွေ့တခုသက်သက်
ငါ တယောက်တည်း လွတ်မြောက်နေချိန်မှာ လန်းဆန်းစေလွန်းအားကြီးပါတယ်
ပစ်ပြီးသား ကျည်ဆန်ခွံကို ပြန်အသုံးပြုလို့မရသလို ငါဟာ ငါ့ကိုယ်ငါ ဘုရားပန်းအိုးထိုးမိရဲ့
အရေပြားသက်သက်သာ အိမ်ကို တန်းတန်းမတ်မတ်ပြန်လာပါတယ် ။
ဒီဝသုန်ခက်
Labels: ဒီဝသုန်ခက်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home