ငိုမယ့်လူဆိုလို့
ဒေါသထွက်နေတဲ့ လူအုပ်ကြီးပဲရှိတယ်
ဦးထုပ်ထဲက
ယုန်ကို ဆွဲထုတ်ပြသလိုပဲ
သူ့ ဦးခေါင်းကို လှပ်ကြည့်ရင်
ဖဲထုပ် အံစာနဲ့ မက်ဂျစ်ဘောက်
ဒါပဲရှိတယ်
မသေသင့်သေးဘူး
မသေခင်ရူးရဦးမှာ
ရူးပြီးတော့ နူ
နူရင်းနဲ့ ချေးအလူးလူး သေးအလူးလူး
နေသင့်သေးတာတဲ့
လူတွေ အဲ့သလို
သူ့ကို ချစ်ပုံ
သွေးတိုးရှိရင်
ဒံပေါက်မစားနဲ့လေ
ဦးနှောက်သွေးကြောပေါက်တယ်ဆိုမှ
ဦးနှောက်ပါမှန်း သိရတော့တယ်
လှို့ဝှက်သူကြီး။
ခက်သီ
No comments:
Post a Comment