25 April, 2023

မြစ်ဝကျွန်းပေါ်နေ့ရက်များ - မိုးဝေး

မတွေ့တာ ကြာပြီနော် ကိုမိုးဝေး
ဆိုတာနဲ့
သစ်တောလမ်းထိပ် သွားရပ်နေမိတယ်
မဟုတ်ဘူး တဲ့
ဒါနဲ့ ဗျောက်တောတံတားထိပ် သွားရပ်လိုက်ပါတယ်
မဟုတ်ဘူး တဲ့
ဒါနဲ့ အလုံလမ်းဘူတာထဲ ဆင်းထိုင်လိုက်တယ်
မဟုတ်သေးဘူးတဲ့
ဒါနဲ့ ရွှေဟင်္သာတောရတိုက် ရောက်အောင် သွားလိုက်တယ်
မဟုတ်သေးဘူးတဲ့
ပြန်စရာ ရွာလည်း မရှိတော့ဘူးလေ ဆိုတော့
ဘဝဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရတာလောက် မလွယ်တော့ဘူးတဲ့
ဘယ်သူက ပြောလိုက်မှန်းလည်း
မသိပါဘူး
မတွေ့တာ ကြာပြီနော် လို့ ပြန်ပြောလိုက်ပါတယ်

မိုးဝေး
၆-၄-၂၀၂၃

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home