25 April, 2023

နေနေ့များ

ဆေးသားထူပျစ်ပျစ်
တိမ်တုတွေ ပစ်တင်ထားတဲ့
ကောင်းကင် အောက်မှာ
ဓာတ်ဆီငွေ့ ပြာလဲ့
လမ်းတွေရဲ့ ဖုန်ထမှုမှာ
ရထားဟာ ကိုယ်လမ်းကိုယ် ရှင်းရင်း
သက်ပြင်းပူပူ
အသံဆူပွ
လေထု သက်မချနေရဲ့။

ဟယ်လို သတိရပါစ
ကမ္ဘာကြီးရေ
ပြေးလာတယ်
ပြေးလာကြတယ်
ပွဲဆီက ကူးစက်လာတဲ့ အတိတ်မေ့မှု
ငါ မပြုစုလို။

ငုဝါထိန်ထိန်
မရမ်းချိုချို
မျက်နှာအိုအို
နေညိုတာတောင် မအေးသေး။ ။

ဝင်းမြင့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home