အရင်နေ့တွေလိုပဲ
လက်လှုပ်ခဲ့၊ ပါးစပ်လှုပ်ခဲ့
နှလုံးလှုပ်နေတာ လူမသေဖို့သက်သက်ပဲလား။
တနင်္ဂနွေပြီး တနလာၤ၊ တနလာၤၿပီး အဂၤ ါ
အချိန်မရှိဘူး မအားဘူးပြောတာ ပြန်စဉ်းစား
ကိုယ့်အကြောင်း ကမ္ဘာအကြောင်း ပြန်စဉ်းစား
လူတွေ အုပ်စုဖွဲ့၊
တိုင်းပြည်တွေ နိုင်ငံတွေ ထူထောင်
ခေတ်တွေ အဆက်ဆက် ရွေ့လျားလာခဲ့ပုံ
ထို့နောက် .. ယခု သင်ပါဝင်လာခဲ့ပုံ ။
တိမ်တွေ တရွေ့ရွေ့ပါဝင်
ကြယ်တွေ ပြိုးပြိုးပြက်ပြက်
လမ်းတွေ ရှည်ထွက်လာ
လူတွေ ပျားပန်းခတ်မျှ ပါဝင်လှုပ်ရှား
စက်တွေ ကွန်ပျူတာတွေ ကြားကဖြတ်လာရတာ
ကိုယ့်နှလုံးသား ဘယ်မှာ ကျကျန်ခဲ့ပါလိမ့်။
ငယ်ငယ်တုန်းက ပုံပြင်တွေ နားထောင်ပြီး
စွဲလမ်းခဲ့သလို
ကမ္ဘာကို ကိုယ်ပြန်စွဲလမ်းဖို့
လိုအပ်နေခဲ့တယ်။
တနင်္ဂနွေမှ စနေထိတိုင် ။
ထွန်းဝေမြင့်
၂၀၀၅၊ ဇွန် ၊ Heart Magazine
Showing posts with label ထွန်းဝေမြင့်. Show all posts
Showing posts with label ထွန်းဝေမြင့်. Show all posts
အချိန်ကာလတစ်လျှောက် လိုအပ်သည်များ
တစ်စက္ကန့်ပြီးမှ တစ်စက္ကန့်
တစ်နှစ်ပြီးမှ တစ်နှစ်
တဖြည်းဖြည်းမှ အသက်ကြီးလာတာပါ။
အေးအေးဆေးဆေး သမ်းဝေနိုင်ခွင့်ရှိတယ်။
ဒီနေ့အထိ ပါးစပ်လှုပ်နိုင်သေးတယ်။
ခြေလက်အင်္ဂါလှုပ်နိုင်သေးတယ်။
ကိုယ့်ကိုယ်ကို သတိလက်လွတ်
ဘာလို့ထင်တယ်၊ ညာလို့ထင်တယ်
ထင်နိုင်အားရှိပါသေးတယ်။
နေထိုင်မကောင်းတဲ့ရက်တွေမှာ
စကားမပြောချင် မလှုပ်ချင်
မထိုင်ချင် မထချင်
အိပ်ရာထဲ လဲလျောင်းနေရတဲ့ ရက်တွေမှာ
ဟိုဝါဒ ဒီဝါဒကို ယုံကြည်ဖို့ထက်
နေသာထိုင်သာရှိနိုင်ဖို့ တောင့်တရ မဟုတ်လား။
ဘဝဟူသည်
တိုသည်လည်းမဟုတ် ရှည်သည်လည်းမဟုတ်ပါဘဲနှင့်
လူတွေအစွဲကြီးပုံ
အယူဝါဒတွေထဲ ဝင်ရောက်သွားပုံကို
မှန်ကြည့်သလို ပြန်ကြည့်ဖို့ ဘာကြောင့်မေ့လျော့နေပါလိမ့်။
ငါလည်း တဖြည်းဖြည်းမှ အသက်ကြီးလာတာပါ။
အခု အသက်ကြီးနေပါပြီ။
အပြည့်အဝ သမ်းဝေနိုင်ခဲ့သလို
အပြည့်အဝ ငိုကြွေးခဲ့ပြီးပြီ။
အပြည့်အဝ ဥာဏ်ပညာဆိုတာ ရှိနိုင်ပါ့မလား။
အပြည့်အဝ ရယ်မောနိုင်ဖို့တော့ အရေးကြီးခဲ့တယ်။ ။
ထွန်းဝေမြင့်
တစ်နှစ်ပြီးမှ တစ်နှစ်
တဖြည်းဖြည်းမှ အသက်ကြီးလာတာပါ။
အေးအေးဆေးဆေး သမ်းဝေနိုင်ခွင့်ရှိတယ်။
ဒီနေ့အထိ ပါးစပ်လှုပ်နိုင်သေးတယ်။
ခြေလက်အင်္ဂါလှုပ်နိုင်သေးတယ်။
ကိုယ့်ကိုယ်ကို သတိလက်လွတ်
ဘာလို့ထင်တယ်၊ ညာလို့ထင်တယ်
ထင်နိုင်အားရှိပါသေးတယ်။
နေထိုင်မကောင်းတဲ့ရက်တွေမှာ
စကားမပြောချင် မလှုပ်ချင်
မထိုင်ချင် မထချင်
အိပ်ရာထဲ လဲလျောင်းနေရတဲ့ ရက်တွေမှာ
ဟိုဝါဒ ဒီဝါဒကို ယုံကြည်ဖို့ထက်
နေသာထိုင်သာရှိနိုင်ဖို့ တောင့်တရ မဟုတ်လား။
ဘဝဟူသည်
တိုသည်လည်းမဟုတ် ရှည်သည်လည်းမဟုတ်ပါဘဲနှင့်
လူတွေအစွဲကြီးပုံ
အယူဝါဒတွေထဲ ဝင်ရောက်သွားပုံကို
မှန်ကြည့်သလို ပြန်ကြည့်ဖို့ ဘာကြောင့်မေ့လျော့နေပါလိမ့်။
ငါလည်း တဖြည်းဖြည်းမှ အသက်ကြီးလာတာပါ။
အခု အသက်ကြီးနေပါပြီ။
အပြည့်အဝ သမ်းဝေနိုင်ခဲ့သလို
အပြည့်အဝ ငိုကြွေးခဲ့ပြီးပြီ။
အပြည့်အဝ ဥာဏ်ပညာဆိုတာ ရှိနိုင်ပါ့မလား။
အပြည့်အဝ ရယ်မောနိုင်ဖို့တော့ အရေးကြီးခဲ့တယ်။ ။
ထွန်းဝေမြင့်
တစ်ကိုယ်တည်း နှစ်ခြမ်း
-စာအုပ်ထဲကအတိုင်း ဖြစ်ခဲ့ရရှာတယ်။
တစ်ခြမ်းက စိတ်ကု ဆရာဝန်၊တစ်ခြမ်းက စိတ်ရောဂါသည်
အိတ်ဇောပိုက် မီးခိုးလုံးမှုတ်ထုတ်သလိုမျိုး အပူတပြင်း
မျှော်လင့်ချက် ပိုက်လိုင်းထဲက သက်ပြင်းဝဲသြဃတွေမှုတ်ထုတ်
သံဝေဂကြီးမားဟန် လေသံ၊မျက်နှာမျက်နှာမှုန်ကုပ်ကုပ် ပုံဖမ်းပြီး
အကာပြဲ့ပြဲ့ အနှစ်မဲ့လှချည်ရဲ့နော်…လို့ တုန်ခါတယ်။
ဒီစကားနဲ့ ရုပ်ရည်ကို ထုတ်ဖော်ကာ ကျန်တဲ့ တစ်ခြမ်းကို
အားတုံ့အားနာဖြစ်လိုက်ဖို့ ကောင်းပေရဲ့
နေ့တစ်နေ့ကို သမ်းဝေပြီး မလှုပ်တလှုပ် ကြိုဆိုနေတဲ့ကောင်။
-တစ်ခြမ်းက ချမ်းသာကြွယ်ဝ၊တစ်ခြမ်းက ဆင်းရဲမွဲတေ
လှိုက်လှိုက်လှဲလှဲ ချွင်ချွင်မြည်သံကို မကြားရလို့လား
ခနော်ခနဲ့ အရွဲ့အစောင်း အဖာအထေးတွေပဲ ရနေလို့လား
ထိမိစမ်းမိကိုင်တွယ်မိသမျှ အရသာ မတွေ့တော့ဘူးလား
ကျွန်တော်…ဘ၀ရဲ့သော့ချက်ကို မမြင်ရဘဲ ဖြစ်နေတာပါ။
ငွေစက္ကူတွေ၊စည်သွပ်ဗူးတွေ၊အ၀တ်စတွေ ဖုံးကွယ်နေလို့
သောက်စရာပုလင်းအမျိုးမျိုး၊တန်ဖိုးကြီးကျောက်မျက်ရတနာ
မော်တော်ကားတွေနဲ့ ဈေးကြီးတစ်ခုလုံး ကွယ်နေလို့
အဓိကသော့ချက်ကို မမြင်ရဘူးလို့ ပြောဦးမှာလား။
ခက်လှချည်ရဲ့…ပြီးစလွယ် လူအထင်ကြီးအောင်
(သုည)ကိုပဲ သမားရိုးကျ ဖျစ်ညှစ် ဖွင့်ဆိုနေတော့တယ်။
-ကျွန်တော်ဟာ လူးလူးလွန့်လွန့်နဲ့ ကွေးကွေးကောက်ကောက်
ဖန်တီးခြင်းခံခဲ့ရတဲ့ ပိုးလောက်လန်း တွန့်လိမ် တွန့်လိမ်ပါ
ဗီဇက ဖန်တီးတာ မခံချင်၊ဖန်တီးရှင်ပဲ ဖြစ်ချင် မြည်တွန်တယ်။
ဖြစ်ချင်တာတွေ မျိုးပွားလာတာ ဘယ်လိုဖြေရှင်းရမလဲ
တစ်ခြမ်းက `သေပျော်ပါပြီ၊ကျေနပ်တယ်´ ပြောပြီး
တစ်ခြမ်းက `ဟဲ့ အရူး ဘာအဓိပ္ပာယ်မှမရှိဘူး´ ထပွက်တယ်။
သူရဲကောင်းက တစ်ခြမ်း၊သိမ်သိမ်ငယ်ငယ် အနုညာတက တစ်ခြမ်း
ငါ့ကို လမ်းလယ်ခေါင်မှာ ကျီစားသန်သန်
ဘယ်သူ စမ်းသပ်လိုက်ပါလိမ့်
ယောင်တိယောင်ချာ ကြောင်စီစီ အိမ်ပြန်ခက်
မျက်စိ လည်နေပြီ။ ။
ထွန်းဝေမြင့်
ဟန်သစ်မဂ္ဂဇင်း၊ ဇွန်၊၁၉၉၅
ခေတ်ပေါ်အသံ
အခြားသော
အကြောင်းတရားများဝေးလို့
ကိုယ့်အကြောင်း ကိုယ်တောင်
မပြောတတ် ပြောတတ်
ဖွင့်ပြောနေခဲ့တယ်။
အိုင်းစတိုင်းလို အဘိုးကြီးတစ်ယောက်
ကမ်းခြေမှာ
ခရုကောက်လို့ရသလောက်ပဲ သိသတဲ့။
ဒါဆို ငါလည်း
ကမ်းနားမှာ
လမ်းများနေတာ သေချာသွားပြီပေါ့။
ကျွန်တော်က အ အ ပါ
ချစ်ဖို့ . . .
စားဖို့ သောက်ဖို့နဲ့
လူမြင်ကောင်းအောင် ချွေးထွက်ဖို့က လွဲလို့
ကျွန်တော်က အ အ ပါ။
ဟုတ်ပြီ
ကိုယ့်ရုပ်ကြီး ကိုယ်ချဉ်တိုင်း
လမ်းမှာတွေ့တဲ့ လူတိုင်းကို
ဟေ့လူ ခင်ဗျားပျက်စီးနေသလား
ဒီလို ပဋိသန္ဓေရစကား ဆို
ပြီး . . အရာရာဟာ
အားအားရှိတိုင်း ပေါက်ဖွားနေတာ
ဟုတ် မဟုတ်
အဖြေကို နာခံလိုက်ဖို့ အသင့်ပါ။
ခုများတော့ ဘာမဆိုင် ညာမဆိုင်
လူတွေကို
စကြာဝဠာနဲ့ ကိုင်ပေါက်ချင်တဲ့
ဥာဉ်က ပေါ်လာပြန်
အိုင်းစတိုင်းမဟုတ် ဘာမဟုတ်
ကိုယ့်ကိုယ်ကို
ဆိုဆုံးမလို့မရတာ ကြာပြီ
ခရုမကောက်ချင်ဘူး
ပင်လယ်ကို လိုချင်တာ။
ထွန်းဝေမြင့်
ဟန်သစ် ။ သြဂုတ် ။ ၁၉၉၁
THE MODERN VOICE
Far from talking about other things,
I open my heart
and stammer
To talk about myself.
Even an old man like Einstein says,
He knows only things
As far as a child sea shells on the shore.
Then I must be getting lost.
But the seashore.
I am a dumb,
I know nothing
Except to love,
To eat and drink,
To perspire undisturbed
in the presence of other people.
Yes, that's right.
Since I am fed up with my looks,
Whoever I meet on the road,
I say, "Have you gone spoiled?"
This is my common greeting.
Then I am ready to accept the answer to
Whether everything is being reproduced
at its own will.
These days,a passion has seized me;
I want to throw the Cosmos at the peope.
I am not Einstein, I am nobody,
But it's been a long time
I have run wild, getting out of control.
It's not the seashells I want,
But the Sea itself.
Tun Wai Myint
Han Thit Magazine,August,1991
Translated By Zaw Tun
အကြောင်းတရားများဝေးလို့
ကိုယ့်အကြောင်း ကိုယ်တောင်
မပြောတတ် ပြောတတ်
ဖွင့်ပြောနေခဲ့တယ်။
အိုင်းစတိုင်းလို အဘိုးကြီးတစ်ယောက်
ကမ်းခြေမှာ
ခရုကောက်လို့ရသလောက်ပဲ သိသတဲ့။
ဒါဆို ငါလည်း
ကမ်းနားမှာ
လမ်းများနေတာ သေချာသွားပြီပေါ့။
ကျွန်တော်က အ အ ပါ
ချစ်ဖို့ . . .
စားဖို့ သောက်ဖို့နဲ့
လူမြင်ကောင်းအောင် ချွေးထွက်ဖို့က လွဲလို့
ကျွန်တော်က အ အ ပါ။
ဟုတ်ပြီ
ကိုယ့်ရုပ်ကြီး ကိုယ်ချဉ်တိုင်း
လမ်းမှာတွေ့တဲ့ လူတိုင်းကို
ဟေ့လူ ခင်ဗျားပျက်စီးနေသလား
ဒီလို ပဋိသန္ဓေရစကား ဆို
ပြီး . . အရာရာဟာ
အားအားရှိတိုင်း ပေါက်ဖွားနေတာ
ဟုတ် မဟုတ်
အဖြေကို နာခံလိုက်ဖို့ အသင့်ပါ။
ခုများတော့ ဘာမဆိုင် ညာမဆိုင်
လူတွေကို
စကြာဝဠာနဲ့ ကိုင်ပေါက်ချင်တဲ့
ဥာဉ်က ပေါ်လာပြန်
အိုင်းစတိုင်းမဟုတ် ဘာမဟုတ်
ကိုယ့်ကိုယ်ကို
ဆိုဆုံးမလို့မရတာ ကြာပြီ
ခရုမကောက်ချင်ဘူး
ပင်လယ်ကို လိုချင်တာ။
ထွန်းဝေမြင့်
ဟန်သစ် ။ သြဂုတ် ။ ၁၉၉၁
THE MODERN VOICE
Far from talking about other things,
I open my heart
and stammer
To talk about myself.
Even an old man like Einstein says,
He knows only things
As far as a child sea shells on the shore.
Then I must be getting lost.
But the seashore.
I am a dumb,
I know nothing
Except to love,
To eat and drink,
To perspire undisturbed
in the presence of other people.
Yes, that's right.
Since I am fed up with my looks,
Whoever I meet on the road,
I say, "Have you gone spoiled?"
This is my common greeting.
Then I am ready to accept the answer to
Whether everything is being reproduced
at its own will.
These days,a passion has seized me;
I want to throw the Cosmos at the peope.
I am not Einstein, I am nobody,
But it's been a long time
I have run wild, getting out of control.
It's not the seashells I want,
But the Sea itself.
Tun Wai Myint
Han Thit Magazine,August,1991
Translated By Zaw Tun
နည်းနည်းသိ အမှန်တရား
နည်းနည်းပဲ သိတယ်လို့ ဆိုကရေးတီးလည်း ပြောဖူးတယ်။
၂၁-ရာစု တွေးခေါ်ပညာရှင်တွေလည်း ပြောဖူးတယ်။
သိစရာတွေအားလုံးကို သိုလှောင်ထားတဲ့ ကွန်ပျူတာကတောင်
သိစရာတွေ အများကြီး သိုလှောင်ဖို့ ကျန်သေးသတဲ့။
နည်းနည်းပဲ သိတယ်ဆိုတာ အမှန်တရားဖြစ်တယ်။
နည်းနည်းပဲ သိတယ်ဆိုတဲ့ ယုံကြည်မှုဟာ
ငါ့အတွက်တော့ ပျော်ရွှင်ဖွယ် အကောင်းဆုံးပဲ။
ငါ့ရုပ်ရည်၊ငါ့စိတ်၊ငါ့ခံစားမှု၊ငါ့အိပ်မက်
ငါဖြစ်တည်နေတာ...
ငါ့အကြောင်း ငါသိတယ်ဆိုတာ ဘယ်အထိသိနိုင်မှာလဲ
ငါ့ပြင်ပက အရှိတရားတွေကိုလည်း ငါနည်းနည်းပဲ သိတယ်။
အရာဝတ္ထုတစ်ခု၊ပန်းတစ်ပွင့်၊အသက်ဇီဝ၊စကြ၀ဠာ
အားလုံးဟာ ရိုးမသွားဘူး၊ငြီးငွေ့စရာ မဖြစ်ခဲ့ဘူး။
အားလုံးကို နည်းနည်းပဲသိလို့ ငါ့ဘ၀ ဆက်တိုက်ရှင်သန်လာခဲ့တယ်။
ထွန်းဝေမြင့်
ချယ်ရီ၊သြဂတ်၊၂၀၀၂၊
မီးရထား ထွက်ခွာချိန်
ဆောင်းည၊ ကောင်းကင်ပြာ ကျယ်ပြန့် ၊ လမင်းဖြာကျ ၊
ဟိုးအဝေးဆီက မီးရထား ၊ ဥသြသံ ပဲ့တင် ရှည်လျား ၊
ကွဲကွာရခြင်းများ ၊ ခွဲခွာရခြင်းများ ၊ ဘယ်သူမှ မလွဲနိုင်ကြောင်း
လွမ်းဆွတ်ခြင်းတဝက်၊ သတိတရား တဝက် ၊ ဥသြဆွဲ ထွက်ခွာ၊
ဒီ ပတ်ဝန်းကျင် ခြောက်သွေ့ ကန္တာရထဲ
ငါ့ဘဝ ခြောက်သွေ့ သစ်ပင်မှာ
ဘာ့ကြောင့်များ မင်းအချစ် ရွက်နုသစ်တွေ စိမ်းလန်းလာခဲ့ပါလိမ့်
မင်းအချစ် ပန်းသစ်ပွင့်ဝေ မွှေးရနံ့ သင်းထုံ လေညင်းထဲ
လောကကြီးက သင်္ခါရ ၊ ငါ့ကိုပြနေသလို
အချစ်က ချစ်ခြင်းမေတ္တာ၊ ငါ့ကို ပေးလာခဲ့
မီးရထားက ဥသြသံပေးကာ ခုတ်မောင်းဆဲ
ငွေနှင်းမှုန်မှုန် ဆောင်းတစ်ည၊ လမင်းရဲ့ အလင်းရောင်အောက်မှာ ။ ။
ထွန်းဝေမြင့်
စခန်းသာ
ဘာစားမလဲ
ဘာသောက်မလဲခင်ဗျာ
အအေးလား အပူလား ။
ဟုတ်ကဲ့ဗျာ
ဆဟာရ သဲကန္တရတစ်ပွဲ
ဝင်ရိုးစွန်း အအေးတစ်ခွက်ပေးပါ ။
ထွန်းဝေမြင့်
အတူတကွ
မိုးချုပ်သွားတဲ့ အထိ
ပန်းခြံ ခုံတန်းလျားမှာ
ငုတ်တုတ် ထိုင်ခဲ့မိတယ်
အရှေ့အလယ်ပိုင်း စစ်ရယ်
အစာအိမ်ရယ်
ဝိညာဉ်ရယ်
အတူတကွ ငုတ်တုတ် ထိုင်နေမိတယ်
ထွန်းဝေမြင့်
ဂွာယာနီကား
ပီကာဆိုရေးတဲ့ ဂွာယာနီးကား
စပိန်မြို့လေးကို နာဇီတွေ ဗုံးကြဲတဲ့ ပန်းချီကား
ငါ့ မှတ်ဥာဏ်မှာ တစ်သက်တာ စွဲမြဲခဲ့တယ်
ကလေးများ ၊ လူအိုများ ၊ သန်စွမ်းသူများ ၊ ဒုက္ခတိများ
ကျေးငှက်တိရစ္ဆာန်များ ၊ ပန်းခြံများ ၊ ပျိုးခင်းများ
သစ်ပင်များ ၊ စာသင်ခန်းများ ၊ ဈေးများ
ဆေးရုံများ ၊ ပြတိုက်များ
လူတို့ခိုလှုံရာ အိမ်ခေါင်မိုးများ အပေါ်
ှဗုံးတွေကြဲချခဲ့တဲ့ ပန်းချီကား
ငါ့ မှတ်ဥာဏ်မှာ တစ်သက်တာ စွဲခဲ့တယ်
ထွန်းဝေမြင့်
ရုပ်ရှင်တေးကဗျာ ။ ဧပြီ ။ ၂၀၀၇
Subscribe to:
Posts (Atom)