ခေတ်ပေါ်အသံ
အခြားသော
အကြောင်းတရားများဝေးလို့
ကိုယ့်အကြောင်း ကိုယ်တောင်
မပြောတတ် ပြောတတ်
ဖွင့်ပြောနေခဲ့တယ်။
အိုင်းစတိုင်းလို အဘိုးကြီးတစ်ယောက်
ကမ်းခြေမှာ
ခရုကောက်လို့ရသလောက်ပဲ သိသတဲ့။
ဒါဆို ငါလည်း
ကမ်းနားမှာ
လမ်းများနေတာ သေချာသွားပြီပေါ့။
ကျွန်တော်က အ အ ပါ
ချစ်ဖို့ . . .
စားဖို့ သောက်ဖို့နဲ့
လူမြင်ကောင်းအောင် ချွေးထွက်ဖို့က လွဲလို့
ကျွန်တော်က အ အ ပါ။
ဟုတ်ပြီ
ကိုယ့်ရုပ်ကြီး ကိုယ်ချဉ်တိုင်း
လမ်းမှာတွေ့တဲ့ လူတိုင်းကို
ဟေ့လူ ခင်ဗျားပျက်စီးနေသလား
ဒီလို ပဋိသန္ဓေရစကား ဆို
ပြီး . . အရာရာဟာ
အားအားရှိတိုင်း ပေါက်ဖွားနေတာ
ဟုတ် မဟုတ်
အဖြေကို နာခံလိုက်ဖို့ အသင့်ပါ။
ခုများတော့ ဘာမဆိုင် ညာမဆိုင်
လူတွေကို
စကြာဝဠာနဲ့ ကိုင်ပေါက်ချင်တဲ့
ဥာဉ်က ပေါ်လာပြန်
အိုင်းစတိုင်းမဟုတ် ဘာမဟုတ်
ကိုယ့်ကိုယ်ကို
ဆိုဆုံးမလို့မရတာ ကြာပြီ
ခရုမကောက်ချင်ဘူး
ပင်လယ်ကို လိုချင်တာ။
ထွန်းဝေမြင့်
ဟန်သစ် ။ သြဂုတ် ။ ၁၉၉၁
THE MODERN VOICE
Far from talking about other things,
I open my heart
and stammer
To talk about myself.
Even an old man like Einstein says,
He knows only things
As far as a child sea shells on the shore.
Then I must be getting lost.
But the seashore.
I am a dumb,
I know nothing
Except to love,
To eat and drink,
To perspire undisturbed
in the presence of other people.
Yes, that's right.
Since I am fed up with my looks,
Whoever I meet on the road,
I say, "Have you gone spoiled?"
This is my common greeting.
Then I am ready to accept the answer to
Whether everything is being reproduced
at its own will.
These days,a passion has seized me;
I want to throw the Cosmos at the peope.
I am not Einstein, I am nobody,
But it's been a long time
I have run wild, getting out of control.
It's not the seashells I want,
But the Sea itself.
Tun Wai Myint
Han Thit Magazine,August,1991
Translated By Zaw Tun
Labels: ထွန်းဝေမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home