ငါ့ညီမလေးရဲ့ လက်ကိုင်ပ၀ါ
ငါ့ ညီမလေးရဲ့ နှုတ်ခမ်း
နီမြန်းတွဲခို နှုတ်ခမ်းနီစို မဟုတ်ဘူး။
ခေါင်းစီးနီနီနဲ့
ငါ့ ညီမလေးရဲ့ ဆံပင်များ
မိုးသား တိမ်ဖြူဖြူထဲ လွင့်ပါသွားတယ်။
ပန်းနုရောင်နေခြည်ထဲမှာ
ငါ့ ညီမလေးဟာ ဝေဒနာတွေ ပေးဆပ်ခဲ့ရတယ်။
နှင်းဆီခြေထောက်များ
ဆုပ်ထား တင်းကျပ်တဲ့လက်
နှုတ်ဆက်တဲ့ မျက်လုံး
တစ်သက်လုံး ငါ့ ညီမလေးရေ
တောက်ပြောင် ခံ့ညားစေခဲ့။
ငါ့ ညီမလေးရေ ဘယ်မှာနေသလဲကွယ်။
လမ်းမကြီးတွေကို မေးကြည့်တယ်
ကန်ရေပြင်မှာ စုံစမ်းကြည့်တယ်
အနီရောင်ဆေးခြယ်ထားတဲ့အိမ်ဟာ
ငါ့ ညီမလေးရဲ့လိပ်စာ မဟုတ်ပါဘူးကွယ်။
ဒါပေမဲ့ ကျန်ခဲ့ရှာသော
ငါ့ ညီမလေးရဲ့ လက်ကိုင်ပ၀ါ
ငါ့ သွေးကြောမှာ ဖျပ်ဖျပ်လွင့်မြူး
နွေဦးပေါက်ချိန် ရောက်ခဲ့ပေါ့။
ငါ့ ညီမလေးရေ ဘယ်မှာနေသလဲကွယ်။
ကောက်နွယ်(ကနောင်)
ရသမိုးကောင်းကင် ။ ဇူလှိုင် ။ ၁၉၈၈
MY LITTLE SIS'S HANDKERCHIEF
My little Sis's lips
Not thick and red with the lipstick;
her hair tie in a red scarf
Flows in the white clouds;
She gave me heartaches
When the sun was shining in pearly pink glow;
A rose's throy claws,
Clasping my hand,
Eyes saying goodbye,
Farewell,dear little Sis,
Glories were gone into the past.
My dear Little Sis,where are you?
Roads, tell me where she is,
Pond, tell me where she is,
No, the house painted red
is not her address.
But the handkerchief she left
Agitated my throbbing blood veins.
So the spring came.
Where are you, my dear little Sis.
Kauk Nwe (Kanaung)
Yatha Moe Kaung Kin Magazine (July,1988)
Translatted By - Zaw Tun
Labels: ကောက်နွယ်ကနောင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home