28 March, 2016

တံခါးရွက်တစ်ခု၏ နံရံမှ

နှင်းတွေ
မှောင်တော့မယ်
ရောက်လာတော့မယ်
ဘယ်လိုမှ တွန်းထုတ်လို့မရမယ့် နှင်းတွေ

ငါ့အရိပ်လိုပင်
သစ်ကိုင်းတို့ ငုံ့ကိုင်း

ဘယ်ငှက်မဆို ခွေခေါက်ပျံသန်းရ
နီးရာပွင့်သောပန်းကို ခူးရမှာကြောက်ရ
မွှေးရနံ့နှင့် ပြည့်စုံသော
အဝေးက ဓားကို တောင့်တ

အစိုင်အခဲဖြစ်နေတဲ့နေ့ကို
လွှတ်ချလိုက်တယ်

လူတစ်ယောက်ရဲ့ အစအနတွေပဲ။

မိုးဝေး

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home