26 March, 2016

ယာမြေ

မိုးရက်တွေနဲ့အတူ လွင့်တက်လာတဲ့ ယာမီးခိုးတွေပေါ့
ပေါင်းမြက်တွေကိုသာ တစ်ပွေ့ပြီးတစ်ပွေ့ ပစ်ထည့်နေမိတယ်။
ပြာနဲ့ချွေးစက်တွေကတော့
ထယ်ရေးတွေအောက်မှာ မြေဆီဖြစ်သွားကြ
ဘ၀ရဲ့တစ်ဝက်စာကို
မျိုးစေ့တွေနဲ့အတူ ကြဲပက်လိုက်တဲ့အခါ
တစ်အိုးတစ်အိမ် သီးပွင့်လာမယ့် မျှော်လင့်ခြင်းဟာ
အသက်ရှူသံပြင်းပြင်းနဲ့
ကန်သင်းကျိုးခဲ့ပေါ့ ။

မောင်ဆေးရိုး
ပန်းဝေသီ ။ သြဂုတ် ။ ၁၉၉၆

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home