26 March, 2016

နတ်သမင်တစ်ဦးရဲ့ ဒိုင်ယာရီ

အဲဒီစီးဆင်းမှုထဲမှာ
ဂျုံခင်းဟာ ဂျုံခင်းနဲ့မတူတော့
ရထားဟာ ရထားနဲ့မတူတော့
အခါမဲ့ရွာချလိုက်တဲ့ပန်းတွေက မြေလမ်းပေါ်မှာဝါလို့
ကောင်းကင်ကို ပလပ်ထိုးကြည့်တော့
တစ်စစီပြန့်ကြဲနေတဲ့သိုးများ သမ်းဝေနေတဲ့မြွေတစ်ကောင်နဲ့ အမည်မဲ့နေ့စွဲတစ်ခု
ချောင်းစပ်မှာ သဲတွေနဲ့ ပိကျနေတာ ၁၈ ရာစုရဲ့ ဆင်ခြေတုံတရားပေါ့
ခုမြင်နေရတဲ့ ရှုခင်းကလေးကို စကားလုံးနဲ့ဖော်ပြလို့ရပါသလား
ဘုရားသခင်က လက်ပတ်နာရီရှာနေတုန်း

ငါ ပျံဝဲနေခဲ့တယ် ။

မောင်ဆေးရိုး
သောင်းပြောင်းထွေလာရယ်စရာ ။ ဇန်န၀ါရီ ။ ၂၀၀၃

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home