28 March, 2016

စာအုပ်ခန်း

မေးမိတယ်
ဓာတ်တိုင်ကိုပဲ ကြောက်ရမလား
သစ်ပင်ကိုပဲ ကြောက်ရမလား
ထီးပြင်သမားက ထီးပြင်တာလား
ဖိနပ်ချုပ်သမားက ဖိနပ်ချုပ်တာလား
ဒီလိုနေ့ရက်တွေထဲ မျောပါနေရတာ
ဘာရယ်မဟုတ်ဘူး
ကျီးတစ်ကောင်ရဲ့ မျက်လုံးကိုလည်း လန့်တယ်
အခန်းထဲပြန်ဝင် စာတွေဖတ်ပြန်တော့လည်း လန့်တယ်
ဖတ်ပြီးသားတွေ ပြန်ပြန်ဖတ်နေရတာကိုက
ဒီတံတားကို ဖြတ်ကျော်နေရတာနဲ့ ဘာထူးသလဲ

အစတစ်စကို ဆွဲမိတယ်
မှောင်လာတော့ ဆွဲမိတဲ့အစဟာ မြွေလား
မီးလုံးတစ်လုံးလို ငါ့ကို တွဲလောင်းချမယ့် ကြိုးလား
ကြောက်တယ် ။

မိုးဝေး
၂၀၀၂

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home