02 June, 2015

ဂွာယာနီကား


ပီကာဆိုရေးတဲ့ ဂွာယာနီးကား
စပိန်မြို့လေးကို နာဇီတွေ  ဗုံးကြဲတဲ့ ပန်းချီကား
ငါ့ မှတ်ဥာဏ်မှာ တစ်သက်တာ စွဲမြဲခဲ့တယ်

ကလေးများ ၊ လူအိုများ ၊  သန်စွမ်းသူများ ၊  ဒုက္ခတိများ
ကျေးငှက်တိရစ္ဆာန်များ ၊ ပန်းခြံများ ၊  ပျိုးခင်းများ
သစ်ပင်များ ၊ စာသင်ခန်းများ ၊  ဈေးများ
ဆေးရုံများ ၊ ပြတိုက်များ
လူတို့ခိုလှုံရာ အိမ်ခေါင်မိုးများ အပေါ်
ှဗုံးတွေကြဲချခဲ့တဲ့ ပန်းချီကား
ငါ့ မှတ်ဥာဏ်မှာ တစ်သက်တာ စွဲခဲ့တယ်

ထွန်းဝေမြင့်
ရုပ်ရှင်တေးကဗျာ ။ ဧပြီ ။ ၂၀၀၇

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home