မနက်ဖြန်
အဝေးပြေးကြယ်တာရာကို
ငါ ရပ်ငေးခဲ့
နေ့စေ့ လစေ့
ငါ့ လောင်မြိုက်မှုတွေ
သူကောင့်သားတို့က
လှောင်ပြောင်ရယ်ပွဲဖွဲ့ကြ
တဖိတ်ဖိတ်တလက်လက်
အနာဖေးတက်နေတဲ့
မေတ္တာတရားတွေ
စကြာဝဠာထဲ လှည့်ပတ်ကြ
ဥဒဟိုမောင်းနှင်တဲ့
ငါ့စိတ်အလျဉ်
ဘယ်သူမှ ဆယ်မယူပါဘူး
အသံတိတ်ပေါက်ကွဲမှု့ အသီးအပွင့်
သိကြတဲ့ အတိုင်း
ငါ့ဦးခေါင်းကို ငါဖွင့်
ဘယ်သူတွေ အဆင်သင့်ဖြစ်နေမလဲ
အောင်ဘညို
ဟန်သစ် ။ ဂျွန် ။ ၁၉၉၇
Labels: အောင်ဘညို
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home