ကမ္ဘာမြေကြီး၊ မြည်ဟီးပါစေ
မျက်ရည်စီးတိုင်း၊ ညှိုနှိုင်းပါစေ
နွမ်းကြွေအသည်း၊ ကြေကွဲပါစေ
ကဝေမုသား၊ ပြုစားပါစေ
ခြေရာဦးနှောက်၊ ထုဖောက်ပါစေ
ခန္ဓာနာမ်ရုပ်၊ ချွေလှုပ်ပါစေ
သို့သေသို့လဲ၊ ပုလဲတဆစ်
"ရင်မှဖြစ်ရာအလင်္ကာများ"
ခိုးယူသွားလျှင် . . .
ပြာစင်နွဲ့မူ၊ ချစ်တဲ့သူရေ
မကြေမချမ်း၊ ဒေါသလွှမ်းတော့
လူကြမ်းလို့လည်း၊ မဆိုနဲ့နော်
မောင်သင်းခိုင်(ပျဉ်းမနား)
No comments:
Post a Comment